Connect with us

North America

လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အလယ်ပိုင်းတွင် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိပြီဖြစ်

အမေရိကန်နိုင်ငံ Oklahomaပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန်၊ မေ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးခြင်း၊နေအိမ်ပြိုလဲပျက်စီးခဲ့သလို အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မေ ၂၂ ရက်အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

Oklahomaပြည်နယ်၊Iowaပြည်နယ်၊Kansasပြည်နယ်နှင့်Missouri ပြည်နယ်များတွင် ယခုတစ်ပတ် အတွင်း လေဆင်နှာမောင်း အကြိမ် ၆၀ ခန့် တိုက်ခတ်ခဲ့သလို လေပြင်းမုန်တိုင်း တိုက်ခတ်မှုများ ကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ မေ ၂၂ ရက် သတင်းများ အရ သိရသည်။

Oklahomaပြည်နယ်တွင် မေ ၂၁ ရက်က တိုက်ခတ်သော လေပြင်းမုန်တိုင်းကြောင့် မိုးရေချိန် ၁၅၀ မီလီမီတာရှိခဲ့သလို လေဆင်နှာမောင်း အနည်းဆုံး ၁၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၊ မြစ်ရေစီးချောင်းများမှာ လည်း စိုးရိမ်ရေမှတ်သို့ ရောက်ခါနီးဖြစ်နေကြောင်း ၊ နေအိမ်တစ်ချို့နှင်သစ်ပင်များ ပြိုလဲခဲ့သလို အမြန်လမ်းအချို့ကို ယာယီပိတ်ဆို့ထားရကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် လက်ရှိတွင် သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ကြောင်း ၊ ကယ်ဆယ်ရေးသမားများ က ရေနစ်မြုပ်ရာဒေသများတွင် ပိတ်မိနေသူများအား ကယ်ဆယ်လျက်ရှိကြောင်းသိရသည်။

Oklahomaပြည်နယ် ပြည်နယ်မှူး Kevin Stittက အစွန်းရောက်ရာသီဥတုကြောင့် Oklahoma ပြည်နယ် နေရာအများအပြားတွင် ဘေးဒဏ်သင့်နေကြောင်း ၊ မိုးဇလကြိုတင်ခန့်မှန်းချက်အရ လာမည့်ရက်ပိုင်းများတွင်လည်း လေပြင်းမုန်တိုင်း Oklahomaပြည်နယ်ကို တိုက်ခတ်နိုင်ဖွယ်ရှိရာ ပြည်နယ်အရှေ့မြောက်ပိုင်းဒေသများ၏ ရေကြီးရေလျှံသတိပေးချက်များကို ယခုအပတ် စနေ၊ တနင်္ဂနွေအထိ ထုတ်ပြန်မည်ဖြစ်ကြောင်း မေ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Iowaပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ခုပျက်စီးခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ၎င်း၏အမျိုးသား ဒဏ်ရာရရှိခဲ့ကြောင်း Iowaပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဌာနက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Missouri ပြည်နယ်တွင် မိုးရေကြီးခြင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)