Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့နှင့်ဒေသလက်နက်ကိုင်များအကြား ပဋ္ဋိပက္ခဖြစ်ပွား၊ လူ ၁၀ ဦး သေဆုံး

မက္ကဆီကို လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ မေ ၂၂ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ်တွင် မေ ၁၉ ရက် ညပိုင်းက လုံခြုံရေးတပ်နှင့် ဒေသလက်နက်ကိုင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံး ခဲ့ကြောင်း ယင်းပြည်နယ် စစ်ဆေးရေးအဖွဲ့က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

Coahuila ပြည်နယ် လုံခြုံရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်အရ မေ ၁၉ ရက် ညပိုင်းက ယင်းဒေသတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ပူးပေါင်း၍ ဒေသလုံခြုံရေးလှုပ်ရှားမှုဆောင်ရွက်လျက်ရှိရာ Coahuila ပြည်နယ် Muskiz မြို့ ယာဉ်သွားလမ်းတစ်ခုသို့အရောက်တွင် လက်နက်ကိုင်များ၏တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊ လုံခြုံရေး တပ်ဖွဲ့မှ လက်နက်များကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဒေသခံ စစ်ဆေးရေးအဖွဲ့က လက်နက်ကိုင် ၉ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ် ဦးလည်း ဒဏ်ရာရ သေဆုံးခဲ့ကြောင်း ဆိုသည်။

Coahuila ပြည်နယ်သည် မက္ကဆီကိုနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး အမေရိကန်နှင့်ဆက်စပ်လျက်ရှိ သည်။ ၂၀၁၁ ခုနှစ်မှစ၍ မူးယစ်ရာဇာများ၏နယ်မြေလုယက်မှုကြောင့် လူသတ်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း ၊ ယခုနှစ်ပိုင်းများတွင် အခြေအနေအတော်အသင့် ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.