Connect with us

North America

သမ္မတထရမ့်က နယ်စပ်သို့လုံခြုံရေးတပ်ဖွဲ့စေလွှတ်ရန် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက် အကောင့်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်သို့ လုံခြုံရေးတပ်ဖွဲ့( National Guard ) စေလွှတ်ရန် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ယင်းကိစ္စရပ်အပေါ် သမ္မတထရမ့်က ၎င်း၏တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ မက္ကဆီကို နဲ့ ကနေဒါ နိုင်ငံများ၏ လူဝင်မှုဥပဒေ အလွန်ခိုင်မာစွာ တည်ရှိနေချိန်မှာ ကျွန်တော်တို့ရဲ့ လူဝင်မှုဥပဒေက အားနည်းချက်များစွာ ရှိနေတယ် ” ဟု ရေးသားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ နယ်စပ်တံတိုင်းကာရံမည့် ဆုံးဖြတ်ချက်အားကန့်ကွက်ဆန္ဒပြနေစဉ်(ဆင်ဟွာ)

အမေရိကန်ကွန်ဂရက်လွှတ်တော်အနေဖြင့် သမ္မတအိုဘားမားလက်ထက်က ပြဌာန်းခဲ့သော ဥပဒေများ နှင့် အခြားပြဌာန်းချက်များကို ယခုအခါ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဒီမိုကရက်တစ်ပါတီသည် ကျွနု်ပ်တို့လျှောက်လှမ်းမည့် လမ်းမပေါ်တွင် ပိတ်ရပ်နေကြောင်း ၊ ၎င်းတို့သည် နိုင်ငံအတွင်းသို့ လူအများ အစစ်ဆေး မေးမြန်းမရှိ ဝင်လာအောင် လုပ်ဆောင်နေကြောင်း ၊ ယင်းမှာ ရာဇဝတ်မှုဖြစ်ကြောင်း ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

ယခုအခါ ခိုင်မာသော အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး ကျွန်တော်တို့ရဲ့ တောင်ဘက်အခြမ်း နယ်စပ်ကို ကာကွယ်သွားရမည်ဖြစ်ကြောင်း ၎င်းက တွစ်တာတွင်ဆက်လက်ရေးသား ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.