Connect with us

North America

အိုင်အက်စ်(IS) အရေးအပေါ် ထရမ့် နှင့် မက်ခရွန် ဖုန်းဆက်ဆွေးနွေး


ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဧပြီလ ၄ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတမက်ခရွန်ထံ ဖုန်းဆက်သွယ်၍ အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်များအား သုတ်သင်ရှင်းလင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။

နှစ်နိုင်ငံခေါင်းဆောင်သည် “ အိုင်အက်စ် ကို အပြီးသတ်ချေမှုန်းရေး နှင့်ပတ်သက်၍ ၎င်းတို့၏ ကတိကဝတ်အပေါ် ဆွေးနွေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစွန်းရောက်စစ်သွေးကြွအုပ်စု ချေမှုန်းရေး စစ်ဆင်ရေးမှာ အဆုံးသတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း ၊ စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရန် အမေရိကန်အစိုးရအနေဖြင့် ကြိုးပမ်းနေကြောင်း ဆိုသည်။

တချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်လက်ကျန်အုပ်စုကို အမြစ်ပြတ်ရှင်းလင်းရန် အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားကြောင်း ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားစစ်မြေပြင်ပုံရိပ်တစ်ချို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယားစစ်မြေပြင်ပုံရိပ်တစ်ချို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့် နှင့် မက်ခရွန်တို့သည် မကြာမီအတွင်း ပြင်သစ်နိုင်ငံသမ္မတ၏ အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်မည့် ခရီးစဉ်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

မက်ခရွန်သည် လာမည့် ဧပြီ ၂၃ မှ ၂၅ ရက် အထိ ဝါရှင်တန်မြို့သို့လာရောက်လည်ပတ်ရန် စီစဉ်ထားပြီး သမ္မတထရမ့်အစိုးရလက်ထက်တွင် ပြင်သစ်နိုင်ငံသမ္မတ ၏ ပထမဆုံး အလည်အပတ်ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

၎င်းခရီးစဉ်အတွင်း သမ္မတထရမ့်သည် မက်ခရွန်အား ဂျော့ဝါရှင်တန်အိမ်တော်ရှိ Mount Vernon ၌ သီးသန့်ဂုဏ်ပြုညစာဖြင့် တည့်ခင်းရန် စီစဉ်ထားကြောင်း သိရသည်။

လွန်ခဲ့သော နှစ်က ထရမ့် နှင့် မက်ခရွန်တို့အကြား ဖုန်းဖြင့် ကြိမ်ဖန်များစွာ ဆက်သွယ်ဆွေးနွေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရာသီဥတုပြောင်းလဲခြင်း နှင့် ကုန်သွယ်ရေးဖြေလျှော့ခြင်းများ ၌ နှစ်ဖက်ကွဲလွဲမှုများကို အခြေခံ အဖြေရှာခြင်းဖြင့် အပါအဝင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် လုံခြုံရေးဆိုင်ရာ ဘုံကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.