North America
သမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ထောက်ဟောင်း ထောင်ဒဏ် ၁၄ ရက် ပြစ်ဒဏ်ကျ

ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ထောက်ဟောင်း George Papadopoulos သည် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုခြင်းအပေါ် စုံစမ်းစစ်ဆေးမှုအတွင်း ပြည်ထောင်စုအစိုးရ စုံစမ်းစစ်ဆေးသူများအား လိမ်ညာထွက်ဆိုခဲ့သည့်အတွက် စက်တင်ဘာ ၇ ရက်တွင် ထောင်ဒဏ် ၁၄ ရက် ပြစ်ဒဏ်ချမှတ်ခံ ရကြောင်း သိရသည်။
၎င်းသည် တစ်နှစ်စောင့်ကြည့်ပြစ်ဒဏ် နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း နာရီပေါင်း ၂ဝဝ လုပ်ဆောင်ရန်အတွက်လည်း အပြစ်ပေးခြင်းခံရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၉၅ဝဝ ကိုလည်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။
သမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေးလက်ထောက်ဟောင်း George Papadopoulos (မျက်မှန်အနက်တပ်ဆင်ထားသူ) အားတွေ့ရစဉ်(ဆင်ဟွာ)
အသက် ၃၁ နှစ်အရွယ် Papadopoulos သည် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ဦးဆောင်သော လက်ရှိဆောင်ရွက်လျက်ရှိသည့် ရုရှားတို့၏ ကြားဝင်စွက်ဖက်မှု ကိစ္စရပ်အပေါ် စုံစမ်းဖော်ထုတ်မှုအတွင်း ပထမဆုံး ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ သမ္မတရွေးကောက်ပွဲအောင်နိုင်ရေး လက်ထောက်တစ်ဦးဖြစ်ကြောင်း သိရသည်။
Papadopoulos သည် ထရမ့်ရွေးကောက်ပွဲမဲဆွယ်မှု နှင့် အမေရိကန်-ရုရှား ဆက်ဆံရေး နှင့်ပတ်သက်၍ ၂ဝ၁၆ ခုနှစ်တွင် ၎င်း ဆောင်ရွက်ခဲ့သော ဖြစ်နိုင်ချေရှိသည့် အရေးကြီးကိစ္စရပ် နှင့် အချိန်ဇယား အပေါ် FBI သို့၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် အစီရင်ခံစာ အမှားများ ပေးပို့ခဲ့သည့် ပြစ်မှု အတွက် အရေးယူခံခဲ့ရခြင်းဖြစ်သည်။(Xinhua)