Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

North America

သူငယ်ချင်းအတွက် ဆံပင်အတုပြုလုပ်ရန် အမေရိကန် ကလေးငယ် ၂ နှစ်ကြာ ဆံပင်ရှည်ထားခဲ့

သူငယ်ချင်းအတွက် ဆံပင်တု ပြုလုပ်ရန် ၂ နှစ်ကြာ ဆံပင်ရှည်ထားခဲ့သူ Tyler Boone (ဝဲ) နှင့် သူငယ်ချင်း Gabby Ruiz (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဆံပင် မပေါက်တော့သည့် သူငယ်ချင်း တစ်ဦးအတွက် ဆံပင်တု ပြုလုပ်ရန်အလို့ငှာ အသက် ၁၀ နှစ်အရွယ် အမေရိကန် ကလေးငယ် တစ်ဦးသည် ၎င်း၏ ဆံပင်များကို ၂ နှစ်ကြာ မညှပ်ဘဲ အရှည်ထားခဲ့ကြောင်း သိရသည်။

“Gabby ကိုပေးဖို့ ကျွန်တော် ဆံပင် အရှည်ထားနေတာပါ၊ ကျွန်တော် သူ့ကို ပျော်စေချင်တယ်” ဟု Alopecia ဟုခေါ်ဆိုသည့် ဆံပင်များ ဆုံးရှုံး၍ ပြန်လည်မပေါက်နိုင်သူ Gabby Ruiz ကို ရည်ရွယ်ပြီး Tyler Boone က ABC Action News သို့ ပြောကြားလိုက်သည်။

၂၀၁၆ ခုနှစ် နှစ်မကုန်မီတွင် ဆံပင်တု ပြုလုပ်ရန် လုံလောက်သည့် အနေအထား ရရှိသည့်အတွက် အဆိုပါ ဆံပင်များအား Ruiz အတွက် စုစည်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဂျော်ဂျီယာတွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ်ရှိပြီ ဖြစ်သော Ruiz က Boone ၏ ဆံပင်အား ၁၂ လက်မခန့် ဖြတ်ယူပြီးနောက် ၎င်းတို့ နှစ်ဦး ဆံပင် ပုံစံသစ် ရရှိခြင်းအတွက် အခမ်းအနားပွဲ ပြုလုပ်ခဲ့သည်။

Boone က ၎င်း၏ ဆံပင်အားအကျိုးအမြတ်မယူဘဲ Ruiz ဆံပင်တု ပြုလုပ်ရန်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြောင်းအား ဒီဇင်ဘာလ ၂၉ ရက်တွင် ဖေ့ဘွတ်ခ် စာမျက်နှာတွင် တင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက လူများက Boone နှင့် ၎င်း၏ ပေးကမ်းစွန့်ကြဲမှုအတွက် ချီးမွမ်းခဲ့ကြသည်။

“ဒီသတင်းကို ကြားလိုက်ရတဲ့အခါ အရမ်းကို ချမ်းမြေ့ဖွယ်ကောင်းပြီး ပျော်ရွှင်ရပါတယ်” ဟု တစ်ဦးက ရေးသားထားပြီး အခြားသူ တစ်ဦးမှလည်း “ဒီကောင်လေးဆီမှာ ရှိတဲ့ နှလုံးသားလေးက ဘယ်လောက်များ လှပလိုက်မလဲ” ဟု မှတ်ချက်ပြု ရေးသားထားသည်။

Ruiz ကလည်း ၎င်း၏ ကိုယ်ကျိုးမငဲ့တဲ့ သူငယ်ချင်းက လူကောင်းတစ်ဦး ဖြစ်ပြီး အံ့သြစရာကောင်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.