Connect with us

North America

အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် က ဒေါ်နယ်ထရမ့် သည် Twitter သမ္မတ ဖြစ်ကြောင်း ဝေဖန်

အမေရိကန် နိုင်ငံ ၏ ရွေးကောက်ခံထားရသည့် သမ္မတ ဒေါ်နယ်ထရမ့် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် Democratic ပါတီဝင် Chuck Schumer က ဇန်နဝါရီ ၃ ရက်နေ့တွင် အသစ် တစ်ကြိမ်ကျင်းပ သည့် လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်သည် Twitter တွင် မကြာခဏ ရေးသားဖော်ပြခြင်းပြုလုပ်ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဤကဲ့သို့သော Twitter သမ္မတ ကို လက်မခံ နိုင်ကြောင်း ဝေဖန်ပြောကြား ခဲ့သည်။

Schumer က အမေရိကန် နိုင်ငံ အနေဖြင့် စိန်ခေါ်မှုများရှိနေပြီး လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၊ ဒေါ်နယ်ထရမ့် အနေဖြင့် ဆက်လက်၍ Twitter သမ္မတ ပြုလုပ်နေပါက ကျရှုံးသည့် သမ္မတ တစ်ဦး ဖြစ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ရွေးကောက်ပွဲ ကာလ အတွင်း Twitter တွင် ရေးသားဖော်ပြခြင်း ပြုလုပ်လေ့ရှိပြီး ရွေးကောက်ခံရပြီးနောက်တွင်လည်း ထိုဆောင်ရွက်မှုမျိုးကို ဆက်လက် ပြုလုပ်ခဲ့သည်။၎င်းသည် မိမိ၏ Twitter စာမျက်နှာတွင် အမေရိကန် နိုင်ငံ ၏ ပြည်တွင်းရေး နှင့် နိုင်ငံခြားရေး များနှင့် ပတ်သက်သော အထင်အမြင်များကို ဖော်ပြလေ့ရှိပြီး တမူထူးခြားသည့် အရေးအသားများကြောင့် ပြည်တွင်းပြည်ပ လူအများအပြား တို့မှ စောင့်ကြည့်ခဲ့ကြသည်။

ဒေါ်နယ်ထရမ့် ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Twitter သည် ဒေါ်နယ်ထရမ့် နှင့် သာမန် ပြည်သူ တို့ကို ချိတ်ဆက်ပေး နိုင်သည့် လမ်းကြောင်း တစ်ခု ဖြစ်ပြီး ဒေါ်နယ်ထရမ့် အနေဖြင့် အိမ်ဖြူတော် တို့ရောက်ရှိပြီးနောက်တွင်လည်း ဆက်လျက်၍ Twitter တွင် ရေးသားဖော်ပြခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဝေဖန်သူများ အနေဖြင့် ဒေါ်နယ်ထရမ့် သည် လေးနက်သည့် အကြောင်းအရာ အများအပြားတွင် ဖြစ်စလွယ် သဘောထား များဖော်ပြခဲ့ပြီး တာဝန်ယူမှု မရှိကြောင်း ဝေဖန် ခဲ့ကြသည်။

ဒေါ်နယ်ထရမ့် သည် လက်ရှိချိန်တွင် Twitter ၌ follower ပေါင်း ၁၈.၄ သန်းခန့်ရှိပြီး လူမှုကွန်ယက် အားလုံးပေါင်းတွင် အားပေးသူပေါင်း ၄၅ သန်းခန့်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.