Connect with us

North America

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် တွင် ကလေးငယ် ၄ ဦး အဆိပ်သင့် သေဆုံး ပြီး ၆ ဦး အသက် အန္တရာယ် စိုးရိမ်ရ

အဆိပ်ရှိသော ဓာတ်ငွေ့ ဖြစ်ကြောင်း သတိပေး သင်္ကေတ အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် တွင် အဆိပ်သင့် မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် ကလေးငယ် ၄ ဦး သေဆုံး ခဲ့ပြီး ၆ ဦးမှ ဆေးရုံတွင် အရေးပေါ် ကယ်ဆယ်မှု ဆောင်ရွက်နေကာ အသက်အန္တရာယ် စိုးရိမ်ရမှု မှ လွတ်မြောက် ခြင်း မရှိသေးကြောင်း သိရှိရသည်။

သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အဆိပ်သင့်မှုသည် တက္ကဆက် ပြည်နယ် Amarillo မြို့ ရှိ နေအိမ် တစ်ခုတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ မီးသပ်တပ်ဖွဲ့ မှ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်ကြားခြင်းကို လက်ခံရရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာကို ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ကနဦးတွင် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့် သည်ဟု ထင်မြင် ခဲ့သော်လည်း အမှန်မှာ တစ်ဦးတစ်ယောက် အနေဖြင့် အိမ်တွင်းမှ ပက်ဖျန်း ထားသည့် ပိုးသတ်ဆေးကို ရေဖြင့် ဆေးကြောခဲ့ရာမှ ပိုးသတ်ဆေးသည် ရေနှင့် ဓာတ်ပြု၍ အဆိပ်ရှိသော Phosphine ထွက်ပေါ်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ လက်ရှိချိန်တွင်မှု သေဆုံးရသည့် အကြောင်းအရင်း အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် သတင်းဖော်ပြချက်များတွင် ကလေးငယ် ၄ ဦး သည် အဆိပ်ရှိသော Phosphine များ ရှူရှိုက်မိသောကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး Phosphine သည် အသက်ရှူ စနစ်ကို အားလျော့ပျက်ဆီးစေနိုင်ကာ ဆိုးရွားသည့် အချိန်တွင် အဆုပ်ရောင်ယမ်းစေနိုင်ကြောင်း ဖော်ပြ ခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာသို့ အစောဆုံးရောက်ရှိခဲ့သည့် ရဲဝန်ထမ်း ၁၀ ဦး နှင့် မီးသတ် ဝန်ထမ်း များသည်လည်း ဆေးရုံ အတွင်းတွင် စောင့်ကြည့်လေ့လာနေရပြီး လက်ရှိချိန်ထိ မည်သည့် လက္ခဏာ မှ မဖော်ပြ သေးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.