North America
သူငယ်ချင်းအား သေနတ်ဖြင့် မတော်တဆပစ်ခတ်မိသည့် အမေရိကန်လူငယ် တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ဝါရှင်တန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
အမေရိကန်ဆယ်ကျော်သက်တစ်ဦးသည် ၎င်း၏ သူငယ်ချင်းအား သေနတ်တစ်လက် ထုတ်ပြစဉ် မတော်ဆတဆပစ်သတ်မိသဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ရက်တွင်ပြောကြားခဲ့သည်။
Georgia ပြည်နယ် Atlanta မြို့ အရှေ့မြောက်ဘက် ၅၀ကီလိုမီတာခန့်အကွာ Lawrenceville မြို့စွန်တွင် ဒီဇင်ဘာ ၃၁ ရက် က ယင်း ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း Gwinnett စီရင်စု ရဲဌာန က တွစ်တာမှတစ်ဆင့် သတင်းစာရှင်းလင်းမှုတစ်ခုပြုလုပ်ခဲ့သည်။
သေဆုံးသူ ဆယ်ကျော်သက်များသည် Chad Carless (၁၇နှစ်) နှင့် Devin Hodges (၁၅နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ Hodges သည် အိမ်အနီးရှိ ဂိုဒေါင်ငယ်တစ်ခုတွင် အခြားသူငယ်ချင်း ၄ဦးအား သေနတ်တစ်ခုကို ထုတ်ပြန်နေစဉ် ၎င်းဘေးတွင်ထိုင်နေသော Carlessအား မတော်တဆပစ်ခတ်မိခဲ့ကြောင်း သိရသည်။
အခြားဆယ်ကျော်သက် ၃ဦး မှာ ထွက်ပြေးသွားပြီး တစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်၌ အကူအညီများမရောက်လာခင် Carless သည် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး ရဲအရာရှိများရောက်လာချိန်၌ Hodges သည် အိမ်နှစ်အိမ်အကြားပြေးလွှားနေပြီးနောက် မိမိကိုကိုယ် သေနတ်ဖြင့်အဆုံးစီရင်သွားကြောင်း ပါရှိသည်။
ရဲဌာနက ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (ဆင်ဟွာ)