Connect with us

North America

ပက်ထရစ်ရှန်နာဟန်အား ကြားဖြတ်အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကာကွယ်ရေးဝန်ကြီးသစ် ပက်ထရစ်ရှန်နာဟန်တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ကြားဖြတ်ဝန်ကြီးအဖြစ် ပက်ထရစ်ရှန်နာဟန်(Patrick Shanahan) အား ဇန်နဝါရီ ၁ ရက်တွင် တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

“ သမ္မတထရမ့်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ဆက်လက်အလေးထားဆောင်ရွက်သွားမှာပါ ” ဟု နှစ်သစ်ကူးနေ့တွင် ထုတ်ပြန်ခဲ့သော ရှန်နာဟန်၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ ကြားဖြတ်ကာကွယ်ရေးဝန်ကြီးအနေနဲ့အစိုးရအဖွဲ့ဝန်ကြီးတွေ ၊ ပူးတွဲစစ်ဦးစီးချုပ် ၊ စစ်မြေပြင်တပ်မှူးတွေနဲ့ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေ အပါအဝင် သမ္မတဒေါ်နယ်ထရမ့် နဲ့အတူ လက်တွဲရင်း သူ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတူတကွ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်း ကဆိုသည်။

၎င်းအရိုက်အရာဆက်ခံခဲ့သည့် ယခင်ကာကွယ်ရေးဝန်ကြီး ဂျင်းမက်တစ်နှင့်ပတ်သက်၍ ရှန်နာဟန်က “ သူ့လက်အောက်မှာ ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာဟာ အခွင့်အရေးကောင်းတစ်ခုပါပဲ”ဟုဆိုသည်။

မက်တစ်သည် အမေရိကန်တပ်များ ဆီးရီးယားနိုင်ငံမှ ရုပ်သိမ်းခြင်း ကိစ္စအပါအဝင် သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိခဲ့သည့်အတွက် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂ဝ တွင် ရာထူးမှ နုတ်ထွက်စာတင်ခဲ့သည်။

အသက် ၆၈ နှစ်အရွယ် မရိမ်းတပ်ဗိုလ်ချုပ်ကြီးဟောင်း ဂျင်းမက်တစ်က ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားသော်လည်း ၎င်းနုတ်ထွက်မည့် အချိန်ထက်စော၍ ခရစ္စမတ်မတိုင်မီမှာပင် ထရမ့်က ရှန်နာဟန်အား ကာကွယ်ရေးဝန်ကြီးဌာနကြာဖြတ်ဝန်ကြီး အဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်သော နှုတ်ဆက်ပွဲတွင် မက်တစ်က ကာကွယ်ရေးဝန်ကြီးဌာန အမှုထမ်းအားလုံးကို “ သစ္စာစောင့်သိရန် နှင့် ဆက်လက်၍ ယုံကြည်မှု ရယူဆောင်ရွက်ရန်” တိုက်တွန်းပြောကြားခဲ့သည်။

ရှန်နာဟန်သည် အသက် ၅၆ နှစ်အရွယ်ရှိပြီး ၂ဝ၁၇ခုနှစ် ဇူလိုင်လမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်ကာလရှည် ဘိုးရင်းကုမ္ပဏီအမှုဆောင်အရာရှိဟောင်းသည် သမ္မတထရမ့် နှင့် ဒုတိယသမ္မတ မိုက်ပန် တို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်သော်လည်း ၎င်း၏ နိုင်ငံခြားရေးမူဝါဒ(သို့မဟုတ်) အစိုးရအဖွဲ့အတွေ့အကြုံ လျော့နည်းနေမှုက မေးခွန်းထုတ်စရာဖြစ်နေသည်။

ပင်တဂွန်စစ်ဌာနချုပ်က ဌာန၏ပြောရေးဆိုခွင့်ရှိသူ Dana White ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာပြီး တစ်ရက်အကြာတွင် ချားလ်စ်ဆမ်းမားစ်(Charles Summers) အား ပြောရေးဆိုခွင့်ရှိသူအသစ်အဖြစ် ဇန်နဝါရီ ၁ ရက်တွင် ခန့်အပ်ခဲ့တာဝန်ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.