North America
သေနတ်သမား သတင်းကြောင့် အမေရိကန် လွှတ်တော် အဆောက်အအုံ အဝင်အထွက် အရေးပေါ် ပိတ်ခဲ့ရ
ဝါရှင်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် လွှတ်တော် အဆောက်အအုံ ပတ်ဝန်းကျင်၌ သေနတ်သမားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဇူလိုင်လ ၁၂ ရက်က လွှတ်တော်အဆောက်အအုံ အဝင်အထွက်များအား အရေးပေါ် ပိတ်ခဲ့ရကြောင်း သိရသည်။
ဒေသခံရဲတပ်ဖွဲ့၏ အဆိုအရ လွှတ်တော်ခန်းမမှ ၂ ဘလောက် အကွာရှိ အမေရိကန် အလုပ်သမားဋ္ဌာန အဆောက်အအုံနားတွင် သေနတ်တစ်လက် ကိုင်ဆောင်ထားသည့် သံသယရှိသူ တစ်ဦး ထွက်ပေါ်လာကြောင်း သတင်းရရှိ၍ ရဲတပ်ဖွဲ့များက ရှာဖေ ွစစ်ဆေးနေစဉ် ဒေသစံတော်ချိန် ညနေ ၄း၂၀ နာရီ၌ လွှတ်တော်ခန်းမနှင့် လွှတ်တော် ပရဝဏ် အတွင်းရှိ အဆောက်အအုံ အားလုံး၏ အဝင်အထွက်များအား အရေးပေါ် ပိတ်ထားခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက ပစ်ခတ်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၄း၄၅ နာရီတွင် အားလုံး ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လွှတ်တော် အဆောက်အအုံအား အရေးပေါ် ပိတ်ထားရခြင်းသည့် ယခုတစ်ပတ်အတွင်း ၂ ကြိမ်မြောက် ဖြစ်ပြီး ဇူလိုင်လ ၈ ရက်ကလည်း သေနတ်သမား တွေ့ရှိကြောင်း မှားယွင်းသည့် သတိပေးချက် ကြောင့် လွှတ်တော် အဝင်အထွက်များအား အရေးပေါ် ပိတ်ခဲ့ရကြောင်း သိရသည်။ (Xinhua)