Connect with us

North America

အမေရိကန် တရားရုံးတွင် တရားခံ၏ ပစ်ခတ်မှုကြောင့် တရားဥပဒေ အရာရှိ နှစ်ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားရာ တရားရုံးအနီးသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် (ဓာတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ တရားရုံး တစ်ခုတွင် ဇူလိုင်လ ၁၁ ရက် က အမေရိကန် တရားခံတစ်ဦး၏ ပစ်ခတ်မှုကြောင့် တရားဥပဒေရေးရာ အရာရှိ နှစ်ဦး သေဆုံးခဲ့ပြီး တရားခံမှာလည်း အရာရှိများ၏ ပြန်လည် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ချီကာဂိုမြို့မှ ၁၆၀ ကီလိုမီတာခန့် ကွာဝေးသည့် စိန့်ဂျိုးဆက် မြို့ရှိ Berrien စီရင်စု တရားရုံးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ သေနတ်ပစ်ခတ်မှု အတွင်း ဒု ရဲမှူး တစ်ဦးနှင့် ပြည်သူ တစ်ဦးလည်း ကျည်ဆန်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း Berrien စီရင်စု ရဲမှူး Paul Bailey က သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။
တရားခံအား တရားရုံးသို့ ခေါ်ဆောင်လာစဉ် ၎င်းသည် ရဲအရာရှိတစ်ဦး၏ သေနတ်အား လုယူ၍ တရားရုံး၏ တတိယထပ်တွင် ဒေသစံတော်ချိန် ၂း၂၅ နာရီ၌ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တရားခံ မည်သူ ဖြစ်ကြောင်းကိုမူ ထုတ်ပြန်ခြင်း မရှိသော်လည်း အဆိုပါ တရားခံသည် တရားရုံး၌ စွဲချက်များစွာဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း Bailey က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ ဒုရဲမှူးအား ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး ယခုအခါတွင် ဒဏ်ရာ အခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
တက္ကဆက်ပြည်နယ် Dallas မြို့တွင် ရဲဝန်ထမ်း ငါးဦး အသတ်ခံရ ပြီးနောက် Louisiana နှင့် Minnesota ပြည်နယ် တို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူမည်းနှစ်ဦး သေဆုံးသွားခြင်း တို့ကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်း တင်းမာမှုများ မြင့်တက်နေသည့် ကြားက ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Louisiana နှင့် Minnesota ပြည်နယ်တို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမေရိကန် နိုင်ငံသား အာဖရိကန် တို့က ရဲတပ်ဖွဲ့၏ ရက်စက်မှုနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများကို နိုင်ငံတစ်ဝန်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.