North America
အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး အော်စကာဆုအား ဘရီ လာဆန် က ရရှိ

လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီလ ၂၈ ရက် ညက Dolby ပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး အော်စကာဆုအား အမေရိကန် မင်းသမီး ဘရီ လာဆန် က “Room” ဇာတ်ကားဖြင့် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
လာဆန်သည် “Room” ဇာတ်ကားတွင် ပြန်ပေးဆွဲ ခံထားရသည့် အမျိုးသမီး တစ်ယောက်၏ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သောကြောင့် ထိုသို့အော်စကာဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် ဘရီလာဆန်သည် Brooklyn ဇာတ်ကား မှ မင်းသမီး Saiorse Ronan ၊ 45 Years ဇာတ်ကား မှ မင်းသမီး Charlotte Ramping တို့ကို ကျော်လွန်ပြီး ယခုနှစ်တွင် အော်စကာဆု ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)