Connect with us

North America

အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများ က တရုတ်နိုင်ငံအပေါ်ကုန်စည်စည်းကြပ်ခွန် မြှင့်တင်မှုအား အိမ်ဖြူတော်သို့သတိပေး

တရုတ်နိုင်ငံထုတ် ဟွာဝေးဖုန်းများအား အမေရိကန်ပြည်သူတို့ အသုံးပြု နေကြ စဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇွန် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများ စုစုပေါင်း ၆၆၁ ခုက လက်မှတ်ရေးထိုးထားခဲ့ကြသောစာတစ် စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထံပေးပို့ခဲ့ကြရာတွင်အမေရိကန်အစိုးရအနေနှင့်တရုတ် နိုင်ငံအပေါ် ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့်ခြင်းကိုရပ်ဆိုင်းရန်နှင့် တရုတ်အစိုးရနှင့်သဘောတူညီ ချက်တစ်ရပ်ရရှိနိုင်ရေးဆောင်ရွက်သွားရန် တိုက်တွန်းဖေါ်ပြထားကြောင်း အမေရိကန်ကုန်သွယ်စည်း ကြပ်ခွန်တိုးမြှင့်ခြင်းဆန့်ကျင်ရေးနိုင်ငံအဝန်းလှုပ်ရှားမှု အသင်းက ဇွန်လ ၁၃ ရက်ကပြောကြားခဲ့သည်။

ကုမ္ပဏီ ၅၂၀ နှင့်အသင်းအဖွဲ့ ၁၄၂ ခုတို့ကပေးပို့ခဲ့သော အဆိုပါစာတွင် အခွန်စည်းကြပ်မှုများကိုနှစ် နိုင်ငံ အကြားအပြန်အလှန်ပြုလုပ်လာကြမှုအပေါ်အထူးစိုးရိမ်မိကြောင်းဖေါ်ပြထားခဲ့ကြသည်။စာတွင် ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင်ခြင်းများကအမေရိကန်စီးပွားရေးလုပ်ငန်းများ၊လယ်သမားများ၊မိသား စုများ နှင့် အမေရိကန်နိုင်ငံ၏စီးပွားရေးကိုပါရေရှည်တွင်အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ၎င်းတို့က အမေရိကန်ကုမ္ပဏီများအားတိုက်ရိုက်အခွန်ပေးဆောင်ခိုင်းခြင်းပင်ဖြစ်ကြောင်း လည်းဖေါ် ပြခဲ့ကြသည်။

အဆိုပြုခဲ့သော ကုန်သွယ်ခွန်စည်းကြပ်မှုဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူတို့၏ဝေဖန်မှုများ နှင့်တုံ့ပြန်မှုများကို မေးမြန်းစုဆောင်းရန် ဇွန်လ ၁၇ ရက်တွင် ပြည်သူအားရှင်းလင်းပွဲတစ်ရပ်စတင်ရန် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကစီစဉ်နေစဉ် အဆိုပါပေးစာကိုပေးပို့ခဲ့ကြခြင်းဖြစ်ကြောင်း လည်းသိရသည်။

အမေရိကန်နိုင်ငံသို့ပို့ဆောင်မည့် တရုတ်နိုင်ငံထုတ်ပစ္စည်းများအား ရှန်ဟိုင်းမြို့ ဆိပ်ကမ်း၌တွေ့ရစဉ်(ဆင်ဟွာ)

ထရမ့် ၏ အမေရိကန်အစိုးရက ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင်ခြင်းများအဖြစ်အမေရိကန်ဒေါ်လာဘီ လီယံ ၂၀၀ ဖိုးရှိတရုတ်နိုင်ငံမှသွင်းကုန်များအပေါ်တွင်မေလအတွင်းက ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ထိ ကုန်သွယ်ခွန်တိုးမြှင့်ခဲ့သည်။ထို့ပြင် အမေရိကန်သို့ တရုတ်နိုင်ငံကတင်ပို့နေသည့် အမေရိကန်ဒေါ် လာဘီလီယံ ၃၀၀ ဖိုးရှိအခြားသောကုန်ပစ္စည်းအားလုံးအပေါ်တွင်လည်းကုန်သွယ်ခွန်စည်းကြပ်မှုအား ၂၅ ရာခိုင်နှုန်းထိမြှင့်တင်စည်းကြပ်သွားမည် ဟု အမေရိကန်အစိုးရကခြိမ်းခြောက်ခဲ့သည်။

တရုတ်အစိုးရကလည်းအမေရိကန်၏လုပ်ဆောင်မှုအပေါ်တုံ့ပြန်သောအားဖြင့် အမေရိကန်မှသွင်းကုန် များအပေါ် ဇွန်လ ၁ ရက်တွင် ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင်ခြင်းများပြန်လည်ပြုလုပ်ခဲ့သည်။

Tariffs Hurt the Heartland အမည်ရှိ အမေရိကန်ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ခြင်းဆန့်ကျင် ရေးနိုင်ငံအဝန်းလှုပ်ရှားမှု အသင်း က မကြာမီကပြဌာန်းခဲ့ကြသော ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင် ခြင်းများ၊တုံ့ပြန်ပြဌာန်းမှုများအပြင်၊အကယ်၍အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးရှိတရုတ်ကုန်ပစ္စည်း များးအပေါ်တွင် ကုန်သွယ်ခွန်စည်းကြပ်မှုအား ထပ်မံပြုလုပ်သွားမည်ဆိုပါက အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်နှစ်သန်းကျော်ဆုံးရှုံးရနိုင်ပြီး လူလေးယောက်ရှိအမေရိကန်မိသားစုတစ်ခုတွင်ပျမ်းမျှအား ဖြင့် ကုန်ကျစရိတ် ဒေါ်လာ ၂,၀၀၀ ကျော်ပိုလာနိုင်ကာ အမေရိကန်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုးမှာ တစ်ရာခိုင်နှုန်းလျော့ကျသွားနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

အဆိုပါပေးစာတွင် အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများက ၎င်းတို့အနေဖြင့် အမေရိကန်အစိုးရအား ပြဿနာကိုညှိနှိုင်းဆွေးနွေးမှုဖြင့်သာဖြေရှင်းစေလိုကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲတစ်ခုဖြစ်ပွားလာခြင်း က နိုင်ငံ၏ အကောင်းဆုံးသောအကျိုးအမြတ်မဟုတ်ပါကြောင်း၊ နှစ်ဖက်စလုံးပင်နစ်နာဆုံးရှုံးရလိမ့် မည်ဖြစ်ကြောင်း လည်းဖေါ်ပြရေးသားခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.