Connect with us

North America

အမေရိကန် နိုင်ငံ က အမေရိကတိုက် အလယ်ပိုင်း နိုင်ငံများ အား ကူညီထောက်ပံ့မှုများ ရပ်ဆိုင်း

တရားမဝင် ရွှေ့ပြောင်းသွားလာသူ များ မက္ကဆီကို နိုင်ငံ သို့ ဝင်ရောက်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇွန်လ ၁၇ ရက် ၌ အယ်လ်ဆာဗေးဒိုး ၊ ဂွာတီမာလာ နှင့် ဟွန်ဒူးရပ်စ် စသည့် အမေရိကတိုက် အလယ်ပိုင်း ဒေသ ရှိ နိုင်ငံများ ၏ တရားမဝင် ရွှေ့ပြောင်းသွားလာမှု ထိန်းချုပ်မှုပိုင်း တွင် ဆောင်ရွက်မှုများ အား အမေရိကန် နိုင်ငံ က ကျေနပ်မှု ရှိ မှသာ ကူညီထောက်ပံ့မှုများ ပြန်လည် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အဆိုပါ ၃ နိုင်ငံ ၏ ဆောင်ရွက်မှုများ ကို အမေရိကန် ကျေနပ်မှု မရှိချိန်တွင် မည်သည့် ကူညီထောက်ပံ့မှု အသစ် မှ ပေးအပ်တော့မည် မဟုတ်ကြောင်း ၊ သို့သော် ယခင် ခွင့်ပြုပေးခဲ့သည့် ကူညီထောက်ပံ့မှုများ အပေါ် သက်ရောက်မှု မရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လွှတ်တော် အား ၂၀၁၇ နှင့် ၂၀၁၈ ဘဏ္ဍာရေးနှစ် နှစ်ခု နှင့် သက်ဆိုင်သော ကူညီထောက်ပံ့မှုများ ကို ရပ်ဆိုင်းရန် အကြောင်းကြား ခဲ့ပြီး ငွေကြေး ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၅၅၀ ခန့် ရှိကြောင်း သိရှိရသည်။

တရားမဝင် ရွှေ့ပြောင်း သွားလာမှု သည် အမေရိကန် နိုင်ငံ နှင့် အမေရိကတိုက် အလယ်ပိုင်း နိုင်ငံအချို့ အကြား အဓိက ပြဿနာ တစ်ရပ် ဖြစ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းသွားလာသူ အများစု က အယ်လ်ဆာဗေးဒိုး ၊ ဂွာတီမာလာ နှင့် ဟွန်ဒူးရပ်စ် နိုင်ငံ တို့မှ ဖြစ်ကြကာ မက္ကဆီကို နိုင်ငံ မှ တစ်ဆင့် အမေရိကန် နိုင်ငံ သို့ ဝင်ရောက်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)