Connect with us

North America

အမေရိကန်တွင် ကမ္ဘာလှည့်ခရီးသည်လှေ တိမ်းမှောက်မှုကြောင့် လူ ၈ဦးသေဆုံး

ကမ္ဘာလှည့်ခရီးသည်လှေ တိမ်းမှောက်ရာ Table Rock ရေကန်သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Missouri ပြည်နယ် ရှိ ရေကန်တစ်ခု တွင်ဇူလိုင် ၁၉ရက် ညပိုင်းက ကမ္ဘာလှည့်ခရီးသည်လှေ တစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချို့ခရီးသည်များမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အခင်းဖြစ်ပွားရာသို့ ရေငုပ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာကြောင်း Sone စီရင်စု ရဲမှူး Doug Rader ၏ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။The Ride the Ducks ကမ္ဘာလှည့်ခရီးသည်လှေ သည် လူပေါင်း ၃၀ဦးကို တင်ဆောင်လာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် Table Rock ရေကန်တွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။လှေပေါ်တွင်လိုက်ပါလာသူတစ်ချို့မှာ ကလေးများဖြစ်ကြောင်း သိရသည်။ (Xinhua)