Connect with us

North America

မက္ကဆီကို နိုင်ငံ အမြန်လမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၂ ဦး သေဆုံး

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အလယ်ပိုင်း ဒေသ ရှိ အမြန်လမ်း တစ်ခု ပေါ်တွင် ဇူလိုင်လ ၂၀ ရက် ၌ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယာဉ်တိုက်မှု မှာ ဇူလိုင် ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီခန့် တွင် Ecatepec မြို့ အနီးရှိ အမြန်လမ်းတွင် ဖြစ်ပွား ခဲ့ကြောင်း ၊ အသေးစား ခရီးသည်တင်ယာဉ် တစ်စင်း က လမ်းဘေးတွင် ရပ်တန့်ထားသည့် ကုန်တင်ကား ကို ဝင်တိုက်မိသောကြောင့် လူအများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများ အား ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာများက အခင်းဖြစ်ပွား ချိန်တွင် ခရီးသည်တင်ကား မှာ အရှိန်ကျော်လွန် မောင်းနှင်ခဲ့ပြီး သတ်မှတ် ခရီးသည် ထက် ပိုမို တင်ဆောင်လာခဲ့ကြောင်း ၊ လမ်းဘေးတွင် ရပ်တန့်ထားသည့် ကုန်တင်ကား အနေဖြင့်လည်း အရေးပေါ် ရပ်တန့်မီး အား ဖွင့်ထားခြင်း မရှိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် အမြန်လမ်း က မက္ကဆီကိုစီးတီး သို့ သွားရန် အဓိက အမြန်လမ်း တစ်ခု ဖြစ်သောကြောင့် လမ်းပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)