North America
အမေရိကန်နိုင်ငံ ဟူစတန်ပြည်နယ်တွင် ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် လူ ၂၀ဦးခန့် ဒဏ်ရာရရှိ
 
																								
												
												
											ဟူစတန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ မှ အရှေ့တောင်ဘက် ၄၀ကီလိုမီတာခန့်အကွာ La Porte မြို့ရှိ ဓာတုစက်ရုံတစ်ခု တွင် မေ ၁၉ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဒဏ်ရာရရှိသူများ၏ ကျန်းမာရေးအခြေအနေအား လတ်တလောသိရှိခြင်း မရှိသေးကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် အထူးဓါတုပစ္စည်းများ၊ ဖိုက်ဘာ နှင့် သစ်စေးများ ထုတ်လုပ်သည့် Kuraray America Inc တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ အိုကာရာမတွင် အဓိက ထုတ်လုပ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 
									 
																			 
									 
																	 
									