Connect with us

North America

တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ အထူးသံတမန် နှင့် ဒုတိယဝန်ကြီးချုပ် လျိုဟဲ အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ပူးတွဲကြေညာချက် တစ်ခုအား မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲ မပြုလုပ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လမ်းညွှန်ချက်များကို အခြေခံ၍ တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် ကုန်သွယ်ရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှုများကို မေ ၁၇ ရက် နှင့် ၁၈ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား သမ္မတရှီ၏ အထူးသံတမန် နှင့် ဒုတိယဝန်ကြီးချုပ် လျိုဟဲ က ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဘက်တွင် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin၊ စီးပွားရေးဝန်ကြီး Wilbur Ross နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer စသည့် တာဝန်ရှိသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လျိုသည် အမေရိကန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နှင့် စီးပွားရေး နှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ဝါရှင်တန်သို့ မေ ၁၅ ရက် နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် တရုတ်-အမေရိကန် ပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာ စကားဝိုင်း ၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ ဖြစ်သော လျိုသည် တရုတ်နိုင်ငံအစိုးရ၏ အဓိကကျသော စီးပွားရေးကဏ္ဍများမှ အဖွဲ့ဝင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.