North America
အမေရိကန်အနောက်ပိုင်းတွင် ရထားဖြင့်တိုက်မိမှုကြောင့် လူ ၂ဦးသေဆုံး
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်တွင် ဇန်နဝါရီ ၁၆ရက် က ဖြစ်ပွားခဲ့သည့် သီးခြားစီရထားတိုက်မိမှုဖြစ်စဉ်များကြောင့် လူ ၂ဦးသေဆုံးခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးလူသေဆုံးမှုဖြစ်ကြောင်း ရထားလမ်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
မြောက်အမေရိကတိုက် ရှိ အကြီးဆုံးသော ကုန်တင်ရထားလမ်းကွန်ရက်များအနက်တစ်ခု ဖြစ်သည့် BNSF ရထားလမ်း ပြောရေးဆိုခွင့်ရှိသူ Gus Melonas က ဝါရှင်တန်ပြည်နယ် ၏အကြီးဆုံးမြို့ဖြစ်သော Seattleမြို့ မြို့လယ်ခေါင်ရှိ လိုဏ်ခေါင်းတစ်ခုတွင် အမြန်နှုန်း ၃၂ကီလိုမီတာခန့်ဖြင့် မောင်းနှင်လာသော ကုန်တင်ရထားတစ်စင်း သည် သက်ကြီးရွယ်အိုတစ်ဦးအား တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်ကို ကိုးကား၍ ပြည်တွင်းသတင်းတစ်ခုက ဖော်ပြခဲ့သည်။
Melonas က အဆိုပါကုန်တင်ရထားသည် Seattleမြို့ မှ Illinois ပြည်နယ် ချီကာဂိုမြို့ သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ရထားဝန်ထမ်းသည် အဘိုးအိုအား တွေ့ရှိချိန်တွင် ဟွန်းတီးပြီး အရေးပေါ်ရပ်တန့်ခဲ့သော်လည်း နောက်ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းတွင် လိုဏ်ခေါင်းအတွင်းရှိ ယာဉ်သွားလာမှုအားလုံးကို ၅နာရီကြာ ပိတ်ထားခဲ့ကြောင်း သိရသည်။
နောက်ထပ်ရထားတိုက်မိမှုဖြစ်စဉ်သည် ဝါရှင်တန်ပြည်နယ် ၏ တတိယမြောက်လူဦးရေအများဆုံးဖြစ်သော Snohomish စီရင်စု တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Everett မြို့မှ ချီကာဂိုမြို့သို့ မောင်းနှင်လာသော ကုန်တင်ရထားတစ်စင်းက ရထားလမ်းပေါ်ရှိ လူတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရထားဝန်ထမ်းက ရထားကို အရေးပေါ်ရပ်တန့်ခဲ့သော်လည်း ရထားလမ်းပေါ်ရှိ လူအား တိုက်မိခဲ့ပြီးနောက် ၎င်းသည် အနီးရှိ ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း Melonas က ပြောကြားခဲ့သည်။
ရထားတိုက်မှုဖြစ်စဉ် ၂ခုစလုံးသည် တစ်ခုနှင့် တစ်ခု ၁၀မိနစ်သာခြား၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းက ၂၁၀၇ခုနှစ်တွင် ရထားတိုက်မှုကြောင့် လူသေဆုံးမှုများသည် ၂၅နှစ်အတွင်း ဝါရှင်တန်ပြည်နယ်၌ ဒုတိယမြောက် အများဆုံးလူသေဆုံးမှုဖြစ်ပြီး ရထားမတော်တဆမှုများကြောင့် လူ ၂၃ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)