North America
အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်တစ် ဖေဖော်ဝါရီလကုန်တွင် အနားယူမည်ဟု ထရမ့်ပြောကြား
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်သည် ဖေဖော်ဝါရီလကုန်တွင် အနားယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီး မက်တစ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကာကွယ်ရေးဝန်ကြီးတာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်း ထရမ့်က ၎င်း၏ တွစ်တာတွင်ရေးသားထားသည်။
ဂျိမ်း ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်နေသည့် သက်တမ်းအတွင်း ကြီးမားသည့် တိုးတက်မှုဖြစ်သော လက်နက်သစ်များ ဝယ်ယူနိုင်ခဲ့ကြောင်း သမ္မတက ဆိုသည်။
သတင်းများအရ ထရမ့်နှင့် မက်တစ် ဆက်ဆံရေးအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော်လည်း သမ္မတက ၎င်းတို့ကြားတွင် အငြင်းပွားမှုများရှိကြောင်း သို့မဟုတ် ၎င်းအနေဖြင့် မက်တစ်အား ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခဲ့ကြောင်း ပြောကြားခြင်း မရှိပေ။
ရာထူးမှ နှုတ်ထွက်စာတွင် အသက်(၆၈)နှစ်အရွယ်ရှိ မရိန်းတပ်ဖွဲ့မှူးဟောင်း ကာကွယ်ရေးဝန်ကြီးက ထရမ့်၏ မဟာမိတ်နိုင်ငံများအပေါ် ပြုမူဆက်ဆံမှုများအား ဝေဖန်ရေးသားထားသည်။(Xinhua)