Connect with us

North America

အမေရိကန်ပြည်ထောင်စု အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲနိုင်မည့် ကာလတိုရန်ပုံငွေဥပဒေကြမ်းကို ထရမ့် လက်မှတ်ထိုးမည်မဟုတ်

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၁ ရက်အလွန်တွင် အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခြင်းကို ရှောင်လွှဲနိုင်မည့် ကာလတိုရန်ပုံငွေ ဥပဒေကြမ်းကို အတည်ပြုမည်မဟုတ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရိုင်က ပြောကြားလိုက်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းနှင့် အခြား ရီပက်ဘလစ်ကန် လွှတ်တော်အမတ်များက သမ္မတ ထရမ့်နှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “သမ္မတက နယ်စပ်လုံခြုံရေးအတွက် ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်မှုကြောင့် ဒီဇင်ဘာလ ၁၉ ရက်မှာ လွှတ်တော်ကနေထွက်လာတဲ့ ကာလတိုရန်ပုံငွေဥပဒေကြမ်းကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ကို အသိပေးခဲ့တယ်” ဟု ရိုင်က ပြောခဲ့သည်။

ကာလတို ရန်ပုံငွေဥပဒေကြမ်းသည် အစိုးရယန္တရားကို ဖေဖော်ဝါရီလ ၈ ရက်အထိ လည်ပတ်နိုင်မည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေအား ဒီဇင်ဘာလ ၁၉ ရက်ညက အထက်လွှတ်တော်မှ အတည်ပြုခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် မျှော်လင့်ထားခဲ့သည်။

ထိုရန်ပုံငွေ ဥပဒေကြမ်းတွင် ၂၀၁၉ ခုနှစ် အစိုးရဘတ်ဂျက်တွင် ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရန် တောင်းဆိုထားသော အမေရိကန်ဒေါ်လာ ၅ ဘီလီယံ မပါဝင်ပေ။

အကယ်၍ အောက်လွှတ်တော်က အဆိုပါ ဘတ်ဂျက်အား အတည်ပြုခဲ့ပါကလည်း ဥပဒေဖြစ်လာရန် ထရမ့်က လက်မှတ်ရေးထိုးရန် လိုအပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.