Connect with us

North America

အမေရိကန်-တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး တို့က ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နှင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Kang Kyung-wha တွေ့ဆုံစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဒီဇင်ဘာ ၆ ရက် တွင် လည်ပတ်ရေး ခရီးစဉ် ဖြင့်ရောက် ရှိလာသည့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Kang Kyung-wha နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အတူတကွ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး နှင့် ပတ်သက်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က တွေ့ဆုံမှု အပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး မှာ လွန်စွာခိုင်မာကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့မှ ထပ်မံ ပြောကြားခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ စစ်ဆေးမှု ပြုလုပ်နိုင်သော နျူကလီးယား ကင်းစင်ရေး ဆောင်ရွက်မှု တွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း ပါဝင် ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် နှစ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား ဆက်လက် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ရန် နှင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး တို့နှင့် ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ပါဝင်ခဲ့သည်။

ယခုနှစ် ဇွန်လပိုင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့က စင်ကာပူ နိုင်ငံ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ပူးတွဲကြေညာချက် တစ်ရပ် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးသစ် ထူထောင်ရန် နှင့် ကိုရီးယား ကျွန်းဆွယ် ရေရှည်တည်ငြိမ်အေးချမ်း သည့် စည်းစနစ် တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ဒီဇင်ဘာ ၁ ရက် က ၎င်းအနေဖြင့် လာမည့်နှစ်ဆန်းပိုင်း ၌ ကင်ဂျုံအမ်း နှင့် ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.