Connect with us

North America

သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ်အတွက် အမေရိကန်နိုင်ငံက နိုင်ငံတော် ဈာပနအခမ်းအနားကျင်းပ

အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျ ဒဗလျူဘုရှ်၏ ဈာပနအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ်၏နိုင်ငံတော်ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်က ဝါရှင်တန်မြို့တွင်ကျင်းပခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဒဗလျူဘုရှ်၏ ဈာပနအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

အမေရိကန်လွှတ်တော်အဆောက်အဦတွင် ထားရှိသည့် သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ်ဒဗလျူ ဘုရှ် ၏ကြွင်းကျန် ရုပ်အလောင်းကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ဝါရှင်တန်မြို့ အမျိုးသားဘုရားရှိခိုး ကျောင်း (Washington National Cathedral)သို့ သယ်ဆောင်ခဲ့သည်။ ၄၁ ယောက်မြောက်သမ္မတ ဖြစ်သူ သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ်ဒဗလျူ ဘုရှ်အတွက် ဘုရားကျောင်းတွင် ခေါင်းလောင်း ၄၁ ကြိမ်ထိုး၍ ဂါရဝပြုခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ယခင် သမ္မတဟောင်းများ ဖြစ်ကြသော ကာတာ၊ ကလင်တန်၊ အိုဘားမားနှင့်အတူ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ် အင်ဂျလာမာကယ်၊ ဗြိတိန်နိုင်ငံ အိမ်ရှေ့မင်းသား ချားလ်စ်တို့အပါအဝင် လူပေါင်း ထောင်ချီတက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.