Connect with us

North America

အမေရိကန် နိုင်ငံနှင့် ကျူးဘား နိုင်ငံတို့မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည်၍ သံရုံးများ အပြန်အလှန် ဖွင့်လှစ်မည်

အမေရိကန် သမ္မတ အိုဘားမားနှင့် ဒုတိယသမ္မတ Joe Biden အား ဇူလိုင် ၁ ရက်နေ့က ဝါရှင်တန် အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမားမှ ဇူလိုင်လ ၁ ရက်နေ့က ဝါရှင်တန်တွင် အမေရိကန် နိုင်ငံနှင့် ကျူဘား နိုင်ငံသည် သံတမန် ဆက်ဆံရေး ပြန်လည် ပြုလုပ်မည် ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် သံရုံးများ ပြန်လည် ဖွင့်လှစ်မည်ဟု ကြေညာ ခဲ့သည်။

အိုဘားမားမှ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်နှင့် ကျူးဘား သံတမန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းသည် သမိုင်းဝင် ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် အတိတ်ကာလ က ဖြစ်ရပ်များဖြင့် ချည်နှောင် မထား သင့်ကြောင်း ၊ အမေရိကန် ပြည်သူနှင့် ကျူးဘား ပြည်သူ တို့သည် အရှေ့သို့ တက်လှမ်းရန် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ကျူးဘား နိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်ပြီး ကျူးဘားရှိ အမေရိကန် သံရုံး ဖွင့်ပွဲ အလံတင် အခမ်းအနားတွင် အလံလွှင့်တင် ပေးသွားမည် ဖြစ်ကြောင်း ၊ အမေရိကန် လွှတ်တော် ကိုလည်း ကျူးဘား နိုင်ငံ အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားရန် တိုက်တွန်း သွားမည်ဟု ပြောကြား ခဲ့သည်။

အိုဘားမားမှ ဇွန်လ ၃၀ ရက်နေ့က ကျူဘား နိုင်ငံ သမ္မတ Raúl Castro ထံသို့ စာပို့ခဲ့ရာတွင် နှစ်နိုင်ငံ အနေဖြင့် သံတမန် ဆက်ဆံရေး ပြန်လည် တည်ဆောက်သွားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် သံရုံး ကိုယ်စားလှယ် အဖွဲ့များကို အပြန်အလှန် စေလွှတ်သွားမည်ဟု ရေးသားခဲ့သည်။ ထိုစာ အား ဇူလိုင်လ ၁ ရက်နေ့က ကျူဘား နိုင်ငံ သမ္မတ ထံသို့ ကျူဘား ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်မှ ပေးပို့ခဲ့သည်။

ကျူးဘား နိုင်ငံခြားရေး ဌာနမှလည်း ဇူလိုင်လ ၁ ရက်နေ့က ကျူဘား သမ္မတမှ အိုဘားမား ထံသို့ ပေးပို့သော စာအား ထုတ်ပြန် ကြေညာ ခဲ့သည်။ ထိုစာတွင် နှစ်နိုင်ငံ ဆက်ဆံရေးအား “ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း” နှင့် နိုင်ငံတကာ ဥပဒေ မူဘောင် အရ တွန်းအား ပေးသွားရန် အထူး ပြောကြားခဲ့သည်။ ထို့ပြင် အချုပ်အခြာ အာဏာ တန်းတူမှုရှိရေး ၊ သဘောထား ကွဲလွဲမှု များအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အပြန်အလှန် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မရှိရေး စသည့် အရေးကြီးသည့် မူဝါဒများ ပါဝင်ခဲ့သည်။

ကျူးဘား အစိုးရဌာန မှလည်း နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ပြန်လည် ရရှိသွားရန် ခက်ခဲသော ခရီးလမ်း၏ အရေးကြီး ခြေလှမ်း တစ်ခုဖြစ်ကြောင်း ၊ အမေရိကန်၏ ကျူးဘား အပေါ် ဘက်စုံ ပိတ်ဆို့မှုအား မဖယ်ရှား သရွေ့ နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ရရှိနိုင်မည် မဟုတ်ကြောင်း ၊ အမေရိကန် အနေဖြင့် တရားမဝင် သိမ်းယူ ထားသော Guantanamo ရေတပ်စခန်း အားပြန်လည် ပေးအပ် သွားရန် လိုအပ်ကြောင်း ၊ တရားမဝင် အသံလွှင့်ဌာနနှင့် ရုပ်သံ ဌာန များကိုလည်း ပိတ်သိမ်း ပေးရမည် ဖြစ်ကြောင်း ၊ ကျူးဘား နိုင်ငံ အပေါ် ဆောင်ရွက်နေသော အဖျက်သဘော ဆောင်သည့် လုပ်ရပ်များကို ရပ်တန့်ပြီး ကျူးဘား ပြည်သူ လူထု ခံစားခဲ့ရသည့် နစ်နာမှု များကို ပြန်လည် ကုစားပေးရန် ထုတ်ပြန် ခဲ့သည်။

အိုဘာမား နှင့် Raúl Castro တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ဆောင်ရွက်မှု နှင့်ပတ်သက်ပြီး အတူတကွ ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်နှင့် ကျူးဘား နိုင်ငံ သည် ယခု နှစ် ဇန်နဝါရီလ တွင် သံတမန် ဆက်ဆံရေး ပြန်လည် ပြုလုပ် ခဲ့ပြီး သံရုံးများ ပြန်လည် ဖွင့်လှစ်ရန် အတွက် အစည်းအဝေး ၄ ကြိမ် ပြုလုပ် ခဲ့ကြသည်။ အမေရိကန် လွှတ်တော်မှ မေလပိုင်း တွင် ကျူးဘား နိုင်ငံ ကို အကြမ်းဖက်မှု အားပေးသည့် နိုင်ငံ စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ကြေညာ ခဲ့သည်။ ဤဆောင်ရွက်မှု သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် ရရှိရန် အတွက် အဓိက အတားအဆီးအား ဖယ်ရှား လိုက်ခြင်းဖြစ်သည်။

၁၉၅၉ ခုနှစ်က ကျူးဘား တော်လှန်ရေး အောင်မြင်ခဲ့ပြီးနောက် အမေရိကန် အစိုးရသည် ကျူးဘား နိုင်ငံ အား ရန်သူ မူဝါဒ ဖြင့်ဆက်ဆံခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အမေရိကန်မှ ကျူးဘား နိုင်ငံကို စစ်ရေးအရ ဝင်ရောက် သိမ်းပိုက်ရာ မအောင်မြင် ခဲ့ဘဲ နှစ်နိုင်ငံ ဆက်ဆံရေး ရပ်ဆိုင်း သွားသည်။ ၁၉၆၂ ခုနှစ်တွင် အမေရိကန် သမ္မတ တာဝန် ထမ်းဆောင်နေသော John Kennedy မှ ကျူးဘား နိုင်ငံအား စီးပွားရေး ၊ ဘဏ္ဍာရေး နှင့် ကုန်သွယ်ရေး ပိတ်ဆို့လိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.