Connect with us

North America

လွတ်လပ်ရေး နေ့ ဝန်းကျင်မှာ အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်နိုင်ကြောင်း ပင်တဂွန် သတိပေး

နယူးယောက်မြို့ရှိ လေဘာတီရုပ်ထုသို့ လူအများ လာရောက် လည်ပတ်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပြီး စနေနေ့နဲ့လည်း တိုက်ဆိုင်နေတဲ့ လွတ်လပ်ရေးနေ့မှာ အိုင်အက်စ် ထောက်ခံသူတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်နိုင်ကြောင်း ပင်တဂွန် ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါသည်။

အိုင်အက်စ်နဲ့ အယ်လ်ကိုင်းဒါးတို့အကြား နှိုင်းယှဉ်ရာမှာတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက သူတို့တွေဟာ တစ်ကိုယ်တော် အကြမ်းဖက်ဖို့ စိတ်အား ထက်သန်နေကြပြီး လာမယ့် ရုံးပိတ်ရက်မှာ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ လုံခြုံမှု ရှိစေဖို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါသည်။

ပင်တဂွန်ရဲ့ သတိပေးချက် မတိုင်မီကတည်းက ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) နဲ့ ဒေသလုံခြုံရေးဌာန တို့က ဇူလိုင်လ ၄ ရက်နေ့ ပိတ်ရက်မှာ ပြည်တွင်း လုံခြုံရေး အင်အား တိုးမြှင့်ဖို့ အစိုးရ ပြန်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အစိုးရ ပြန်တမ်းထဲမှာ အသေးစိတ် အကြောင်းအရာတွေ မပါဝင်ပေမဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်မှာ နိုးနိုးကြားကြားနဲ့ ဝီရိယ တိုးမြှင့်ထားဖို့ ပြောထားပါသည်။

သောကြာနေ့က အကြမ်းဖက်မှုတွေကြောင့် ပြင်သစ်၊ တူနီးရှားနဲ့ ကူဝိတ် နိုင်ငံတွေမှာ လူပေါင်း ခြောက်ဆယ်ကျော် သေဆုံးခဲ့ရ ပြီးတဲ့နောက် သည်လို မတော်တဆမှုတွေမှာ အိုင်အက်စ်ရဲ့ပါဝင် ပတ်သက်မှုတွေ ခိုင်မာ လာခဲ့ပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117