North America
အမေရိကန် နိုင်ငံသားများအား ဒေါ်နယ်ထရမ့် ၏ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းနိုင်မှု အပေါ် ယုံကြည်မှု နှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူရာ ရာခိုင်နှုန်း ၅၀ အောက်တွင်သာ ရှိ
ဝါရှင်တန် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ Gallup ကုမ္ပဏီ မှ ဇန်နဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန် နိုင်ငံသားများမှ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်း များနှင့် ပတ်သက်၍ ဖြေရှင်းနိုင်မှု အပေါ် ယုံကြည်မှု နှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူခဲ့ရာတွင် ရာခိုင်နှုန်း ၄၆ သာ ယုံကြည်မှု ရှိကြောင်း ဖြေကြား ခဲ့ပြီး တစ်ဝက်အောက်တွင်သာ ရှိကြောင်း သိရှိရသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ စစ်အင်အားကို တိကျကောင်းမွန်စွာ အသုံးချနိုင်မှု နှင့် အစိုးရ မှ နာမည်ဆိုးကြီး ထွက်ပေါ်လာနိုင်ခြင်း မရှိမှု တို့ အပေါ်ယုံကြည်မှု ကိုလည်း စစ်တမ်း ကောက်ယူ ခဲ့ရာတွင် ရာခိုင်နှုန်း ၄၇ နှင့် ၄၄ သာ အသီးသီး ရရှိခဲ့သည်။ဤ ထွက်ပေါ်လာသည့် ရလာဒ်များသည် လက်ရှိ သမ္မတ အိုဘားမား နှင့် ယခင် သမ္မတ များဖြစ်ကြသည့် ဘုရှ် နှင့် ကလင်တန် တို့၏ ရာထူး စတင်မထမ်းဆောင်မီ အလားတူ စစ်တမ်းကောက်ယူချိန် ရရှိခဲ့သည့် ၇၀ ရာခိုင်နှုန်းအထက်ရရှိခဲ့မှုနှင့်နှိုင်းယှဉ်လျှင် များစွာ လျှော့နည်း လျက်ရှိသည်။
စစ်တမ်းအရ အခြားကဏ္ဍများတွင်မူ ဒေါ်နယ်ထရမ့် အပေါ် ပိုမို ယုံကြည်မှုများ ရှိခဲ့ကြောင်း တွေ့ရှိရသည်။ ရာခိုင်နှုန်း ၆၀ သောသူများသည် ၎င်းအနေဖြင့် လွှတ်တော် နှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ကိုယုံကြည်ကြပြီး ရာခိုင်နှုန်း ၅၉ သောသူများသည် ၎င်းအနေဖြင့် စီးပွားရေး ကဏ္ဍတွင် ကောင်းမွန်သည့် ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ကို ယုံကြည် ခဲ့ကြသည်။ ၅၅ ရာခိုင်နှုန်းသော သူများသည် ၎င်းအနေဖြင့် အမေရိကန် နိုင်ငံ ပြည်တွင်း နှင့် ပင်လယ်ရပ်ခြားရှိ အကျိုးစီးပွားများကို ကာကွယ်နိုင်မည်ဟုယုံကြည်ကြပြီး ၅၃ ရာခိုင်နှုန်းသောသူများသည် ၎င်းအနေဖြင့် အိမ်ဖြူတော် ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် ဟုယုံကြည်ကြသည်။
ထိုစစ်တမ်းတွင် အရွယ်ရောက်ပြီးသော အမေရိကန် နိုင်ငံသား ၁၀၂၈ ဦးတို့အား မေးမြန်းခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပြည်နယ် ၅၀ ခုလုံး နှင့် မြို့တော် ဝါရှင်တန် လည်းပါဝင် ခဲ့ကြောင်း သိရှိရသည်။
ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။(Xinhua)