Connect with us

North America

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ လက်ထောက်ဖြစ်သူက အိုဘားမားအား မေးခွန်းထုတ်

ဒေါ်နယ်ထရမ့်အစိုးရသက်တမ်းတွင် ပြန်ကြားရေးဝန်ကြီးတာဝန်ယူမည့် Sean Spicer (ယာ) နှင့် အီတလီ-အမေရိကန် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Fabio Lanzoni (ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီလ ၂ ရက်(ဆင်ဟွာ)

ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူမည့် Sean Spicer က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သမ္မတအိုဘားမားအား မေးခွန်းထုတ်လိုက်ကြောင်း သိရသည်။

အမေရိကန်ရုပ်သံကုမ္ပဏီ(ABC) သတင်းဌာနနှင့်ပြုလုပ်သော အမေးအဖြေကဏ္ဍတွင် Spicer က ၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများက ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမေရိကန်သမ္မတ အိုဘားမားက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခဲ့သည့် ကိစ္စရပ်အပေါ် “ ကျွန်တော်တို့မှာ မေးခွန်းထုတ်စရာတစ်ခုက ဘာဖြစ်မလဲဆိုရင် ဒီကိစ္စဟာ ဘာကြောင့် ကြီးကျယ်နေရသလဲ” ဟု မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“ ရုရှားသံတမန် ၃၅ ယောက်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ သံရုံးမြေနေရာ နှစ်ခုကို ပိတ်လိုက်တယ်။ မေးခွန်းထုတ်စရာက အခုအရေးယူမှုကနေ တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာမလား။ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ မဖြစ်လည်းမဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် ဒီကိစ္စအပေါ် ခင်ဗျားတို့စဉ်းစားဖို့တော့လိုမယ်” Spicer က ဆိုသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်နှောင့်ယှက်မှုဖြင့် ရုရှားထောက်လှမ်းရေး နှစ်ဦးအပါအဝင် ရုရှားနိုင်ငံသား ၉ ဦး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရှိ ရုရှားသံရုံးမှ သံတမန် ၃၅ ဦးကိုလည်း အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားဟက်ကာသမားများက ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကြောင့် အမေရိကန် နှင့် ရုရှား နိုင်ငံတို့ကြားတွင် ဖြစ်ပေါ်နေသည့် တင်းမာမှုကို ဒေါ်နယ်ထရမ့်က လျော့ကျသွားအောင် ပြုမူဆောင်ရွက်ခဲ့သည်။

“ ကျွန်တော်တို့နိုင်ငံကို ပိုပြီးတောင့်တင်းခိုင်မာအောင် ၊ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်ဖို့အချိန်ကျနေပါပြီ ” ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို သိရှိနိုင်ရန် လာမည့် ရက်သတ္တပတ်တွင် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများနှင့်တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာတီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတအိုဘားမား၏ “ ကြိုတင်မှန်းဆ မရနိုင်သော” နှင့် “ ရန်လိုသော နိုင်ငံခြားရေးမူဝါဒ” ဟူ၍ သတင်းသမားများအား ပြောကြားခဲ့သည်။

သို့သော် ရုရှားနိုင်ငံရှိ မည်သည့် အမေရိကန်သံတမန်တစ်ဦးတစ်ယောက်ကိုမျှ နယ်နှင်ဒဏ်ပေးမည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရုရှားသမ္မတနန်းတော်ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.