Connect with us

North America

အမေရိကန် နိုင်ငံ ၌ ရေနံချက်စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ လူအများအပြား ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ Wisconsin ပြည်နယ် Superior မြို့ရှိ ရေနံချက် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ချီကာဂို ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Wisconsin ပြည်နယ် Superior မြို့ရှိ ရေနံချက် စက်ရုံ တစ်ရုံသည် ဧပြီလ ၂၆ ရက်နေ့ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် လူအများအပြား ဒဏ်ရာရရှိ ခဲ့ပြီး အနည်းဆုံး ၅ ဦး အား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။

Superior မြို့ မီးသတ်တပ်ဖွဲ့ က ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး စက်ရုံ အတွင်းရှိ လောင်စာဆီများ ထည့်ထားသည့် တိုင်ကီ များမှာ ရုတ်တရတ် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပွား ခဲ့သည့် မီးလောင်ကျွမ်းမှု ကို လျှင်မြန်စွာ ငြှိမ်းသတ် နိုင်ခဲ့ပြီး ဒေသစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်ခန့် တွင် မီးငြိမ်းသွားခဲ့ကြောင်း မီဒီယာ များအား ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦး က အခင်းဖြစ်စဉ် အလုပ်သမား များ သည် စက်ရုံ အတွင်းရှိ စက်ပစ္စည်းများ ကို ပိတ်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ပြုလုပ်ရန် ဆောင်ရွက်နေသည့် အချိန် ဖြစ်ကြောင်း မီဒီယာ များအား ပြောကြား ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် ရေနံချက် စက်ရုံ ကို ပိတ်သိမ်း ခဲ့ပြီး အနီးပတ်ဝန်းကျင် ရှိ လမ်းအချို့ကိုလည်း သွားလာရန် ကန့်သတ် ခဲ့သည်။ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် စက်ရုံ သည် ဓာတ်ဆီ ၊ ကတ္တရာစေး နှင့် ရေနံဓာတု ပစ္စည်းများ အဓိက ထုတ်လုပ်သည့် စက်ရုံ တစ်ခု ဖြစ်ပြီး လူပေါင်း ၁၈၀ ခန့် လုပ်ကိုင် ဆောင်ရွက်နေသည့် စက်ရုံ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.