Connect with us

North America

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက အမေရိကန်၏ သံမဏိနှင့်အလူမီနီယံအခွန်စည်းကြပ်သည့်အပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြား

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၁ ကြိမ်မြောက် ၀န်ကြီးအဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဂျီနီဗာ ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) Safeguards Committee၏ အစည်းအဝေးကို ဧပြီလ ၂၃ ရက်တွင် ဂျီနီဗာ၌ ကျင်းပခဲ့ရာ ရုရှား၊အိန္ဒိယ၊ တရုတ် အပါအဝင် ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက အမေရိကန်ကျင့်သုံးနေသည့် သံမဏိနှင့်အလူမီနီယံအခွန်ကောက်ခံမှု ပေါ်လစီကို စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုနေ့တွင် ကျင်းပသော အစည်းအဝေး၌ တရုတ်နိုင်ငံက အမေရိကန်သည် ဥပဒေပုဒ်မ ၂၃၂ အရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်၏တည်ငြိမ်မှုကို ဆိုးဝါးစွာ ထိခိုက် စေနိုင်ပြီး International Supply Chainကိုလည်း ကသိကအောက်ဖြစ်စေသောကြောင့် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထိုသို့ အခွန်စည်းကြပ်မှုများလုပ်ဆောင် ရာတွင် အမေရိကန်က အချို့တင်ပို့သည့် နိုင်ငံများကို အခွန်ကင်းလွတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအခြေခံမူ ကို ဖောက်ဖျက်ရာရောက်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ရုရှား၊ အိန္ဒိယ၊ တူရကီ၊ ဗင်နီဇွဲလား၊ နော်ဝေးနှင့်စင်္ကာပူတို့ကလည်း အမေရိကန်တစ်ဖက်စောင်းနင်း လုပ်ဆောင်မှုကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ပဏာမစုံစမ်းလေ့လာမှုနှင့် အခွန်ကောက်ခံပေါ်လစီကျင့်သုံးသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပွင့်လင်းမြင်သာမှုနည်းကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုက ကုန်သွယ်ရေးတည်ငြိမ်မှုကို ထိခိုက်စေ နိုင်ပြိး ကုန်သွယ်ရေးအခက်အခဲများတိုးမြင့်လာနိုင်ကြောင်း ရုရှားက ဆိုသည်။

တူရကီက G20 သံ၊သံမဏိထုတ်လုပ်မှုစွမ်းရည်မြင့်မားမှုဆိုင်ရာ ဆွေးနွေးပွဲသည် ထုတ်ကုန်ပိုလျံမှု ပြဿနာကို ဖြေရှင်းသည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ပြဿနာများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး တစ်ဦးတည်းက တစ်ဖက်သက်လုပ်ဆောင်ရမည် မဟုတ်ကြောင်း ဆိုသည်။

သွင်းကုန် သံမဏီ၊အလူမီနီယံများက အမေရိကန်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည်ဟု ဆိုကာ တင်သွင်းလာသည့် သံ၊သံမဏိအခွန်ကို ၂၅ ရာခိုင်နှုန်း၊ အလူမီနီယံအခွန်ကို ၁၀ ရာခိုင်နှုန်း ကောက်ခံ မည်ဟု အမေရိကန်သမ္မတ ထရန့်က မတ်လ ၈ ရက်တွင် ကြေညာခဲ့သည်။ မတ်လ ၂၂ ရက်တွင် အမေရိကန်က ဥရောပသမဂ္ဂ၊ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ မက္ကဆီကို၊တောင် ကိုရီးယားစသည့်နိုင်ငံများမှ တင်သွင်းသည့် သံမဏိ၊အလူမီနီယံများအတွက် အခွန်ကို မေလ ၁ ရက်နေ့ အထိ ခေတ္တ ကင်းလွတ်ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117