Connect with us

North America

အမေရိကန် လွှတ်တော် အမတ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ 

အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီရှိ လွှတ်တော် အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) 

အမေရိကန် နိုင်ငံ ရီပတ်ဘလီကန်ပါတီမှ အထက်လွှတ်တော် အမတ် Mario Diaz-Balart သည် ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသော ပထမဆုံး အမေရိကန်လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရသည်။ 

Mario သည် တခြားသူများအား ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန်  မတ် ၁၃ ရက်မှ စတင်ကာ ဝါရှင်တန်ဒီစီမြို့ရှိ ၎င်းနေအိမ်၌ တစ်ကိုယ်တည်းသီးခြား(self-quarantine) ပြုလုပ်နေထိုင်ခဲ့ကြောင်း ၊ မတ် ၁၄ ရက် ညနေပိုင်းတွင် ခေါင်းကိုက်ခြင်း နှင့် ကိုယ်ပူခြင်းအပါအဝင် ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်း ၎င်း၏ ရုံးအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ ကျွန်တော် အများကြီးပိုနေကောင်းလာပြီဆိုတဲ့အကြောင်းကို အားလုံးကို အသိပေးချင်ပါတယ်” ဟု Mario Diaz-Balart က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။မတ် ၁၄ ရက် အစောပိုင်းက ပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဖြေရှင်းရေး ဥပဒေကြမ်းတစ်ခုအား မဲပေးပြီးနောက် လွှတ်တော်မှ ထွက်ခွာလာစဉ် သိပ်မကြာမီမှာပင် ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် Mario Diaz-Balart သည် ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရခြင်းဖြစ်ကြောင်း Politico သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံ၌ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြင့် ဆက်စပ်၍ သေဆုံးသူ ၁၄၅ ဦးနှင့် ရောဂါ ဖြစ်ပွားမှု အတည်ပြုလူနာ ၉,၀၇၇ ဦးကျော် ရှိကြောင်း သိရသည်။(Xinhua)