Connect with us

North America

ရုရှားနိုင်ငံ Kuril ကျွန်းစုများ၌ ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန် 

kuril ကျွန်းစုကမ်းခြေမြင်ကွင်း အလှတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊မတ်၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ Kuril ကျွန်းစုများ၏ ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့နံနက် ဒေသစံတော်ချိန် ၁၃း၄၉ နာရီတွင် ပြင်းအား ၇.၅ ရစ်ခ်ျတာစကေးရှိသော အင်အားပြင်းငလျင် တစ်ခုလှုပ်ခပ်ခဲ့ပြီးနောက် အဆိုပါ ကမ်းခြေအနီးအနားတစ်ဝိုက်ကို ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) က ၎င်းငလျင်သည် မြောက်လတ္တီကျူ့ ၄၈.၉၈ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့ ၁၅၇.၆၉ ဒီဂရီအကြားတွင် လှုပ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အစောပိုင်းသတင်းထုတ်ပြန်ချက်အရ ငလျင်မှာ ပြင်းအား ၇.၈ အဆင့်ရှိကြောင်း ဆိုထားပြီး လက်ရှိချိန်ထိ အသေအပျောက်စာရင်းမရှိသေးကြောင်း သိရသည်။(Xinhua)