North America
အိမ်ဖြူတော်ကို တိုက်ခိုက်ရန် ကြံစည်သော လူငယ် တစ်ဦး ဖမ်းဆီးခံရ

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်မှ လူငယ် တစ်ဦးကို အိမ်ဖြူတော် နှင့် ဝါရှင်တန် ဒီစီရှိ ဖက်ဒရယ် အဆောက်အအုံ များအား တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း အမေရိကန် ပြည်ထောင်စု အစိုးရ ရှေ့နေ တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။
ဂျော်ဂျီယာ ပြည်နယ်မှ အသက် ၂၁ နှစ် အရွယ်ရှိ သံသယ ရှိသူ Hasher Taheb မှာ လက်လုပ်ဗုံး နှင့်တင့်ကား ဖျက်ဒုံး အပါအဝင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ နှင့် တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်း ခရိုင်၏ အမေရိကန် ပြည်ထောင်စု အစိုးရ ရှေ့နေ BJay Pak က သတင်းထောက်များကို ပြောခဲ့သည်။
ထိုသို့တိုက်ခိုက်ရန် ကြံစည်မှုအား သံသယ ရှိသူ Hasher Taheb တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Atlanta ရုံး၏ ကြီးကြပ်ရေးမှူး FBI အထူးအေးဂျင့် Chris Hacker က ပြောကြားခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ် ကျော်ကပင် FBI က သတင်း အချက်အလက် ရ၍ ၎င်းအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။
Hasher Taheb ၏ အမှုအား Atlanta ပြည်နယ် တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက်တွင် ရုံးထုတ်ခဲ့ပြီး ၎င်းအား ဇန်နဝါရီ ၂၄ ရက်တွင် ထပ်မံ ရုံးထုတ်သွားရန် ရှိကြောင်း သိရသည်။(Xinhua)