Connect with us

North America

၂၀၁၈ခုနှစ်တွင် လော့စ်အိန်ဂျလိစ် မြို့သို့ တရုတ်ခရီးသွားဧည့်သည် ၁.၂ သန်းလာရောက်လည်ပတ်ခဲ့

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ တွင် လော့စ်အိန်ဂျလိစ် မြို့ ၌ တရုတ်မီးပုံးအလှဆင်ပွဲတော်ကျင်းပစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၇ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တွင် အမေရိကန်နိုင်ငံအနောက်ပိုင်း မြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ် မြို့ သို့ တရုတ်ခရီးသွားဧည့်သည် ၁.၂ သန်းလာရောက်လည်ပတ်ခဲ့ကြောင်း အာဏာပိုင်များ က ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် တွင် လော့စ်အိန်ဂျလိစ်မြို့ သို့ နိုင်ငံခြားခရီးသွားဧည့်သည် သန်း ၅၀ လာရောက်ခဲ့ကာ ယခင်နှစ်ထက် ၃.၁ ရာခိုင်နှုန်းတိုးတက်ခဲ့၍ နှစ်အလိုက်စံချိန်တင် တိုးတက်ခဲ့ ခြင်းလည်းဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်မြို့ ၏ မြို့တော်ဝန်ဖြစ်သူ အဲရစ်ဂရေ့စ်တီ (Eric Gracetti) နှင့် လော့စ်အိန်ဂျလိစ်မြို့ လယ်ရှိ ခရီးသွားလုပ်ငန်း နှင့် ကွန်ဗင်းရှင်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ernest Wooden Jr. ကပြောသည်။

ထို့အပြင် လော့စ်အိန်ဂျလစ်မြို့တွင် ၈ နှစ် ဆက်တိုက် ခရီးသွားလုပ်ငန်း နှစ်စဉ်တိုးတက်ခဲ့ ကြောင်း သိရသည်။

Wooden က “ပြန်ပြောရင် အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်က တရုတ်နိုင်ငံမှာ ရုံးဖွင့်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ကျွန်တော်တို့ ရဲ့ပထမဆုံးရုံးကိုပေကျင်းမြို့မှာ ဖွင့်နိုင်ခဲ့ပါတယ်’’ ဟုပြောသည်။

၎င်းအဖွဲ့အစည်းအနေဖြင့် တရုတ်ပြည်မကြီးတွင် ရုံးခွဲ ၄ ခု ဖွင့်လှစ်ပြီးဖြစ်ပြီး များမကြာမီ ထပ်မံ၍ ရုံးခွဲဖွင့်လှစ်ရန် ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)