Connect with us

North America

အိုဘားမား၏ ကျူးဘားခရီးစဉ်သည် သမိုင်းကြောင်း နှင့် ယဉ်ကျေးမှု ကို လာရောက်တိုက်ခိုက်ခြင်းသာဖြစ်ဟု ကျူးဘားနိုင်ငံခြားရေးဝန်ကြီးပြော

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez အားတွေ့ရစဉ် ( ဆင်ဟွာ)

ဟာဗားနား ၊ ဧပြီ ၁၉ ရက် ( ဆင်ဟွာ)

မကြာသေးခင်က အမေရိကန်နိုင်ငံ သမ္မတ ဘားရက်အိုဘားမား ၏ ကျူးဘားကျွန်း အလည်အပတ် ခရီးစဉ်သည် ကျူးဘားနိုင်ငံသမိုင်း နှင့် ယဉ်ကျေးမှုကို တိုက်ခိုက်မှုပြုလုပ်ရန် နှင့် ပုဂ္ဂလိက အခန်းကဏ္ဍကို တွန်းအားပေးရန် လာရောက်ခဲ့သည့် ခရီးစဉ်တစ်ခုသာ ဖြစ်ကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ဧပြီ ၁၇ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။

( ၇ ) ကြိမ်မြောက် ကျူးဘားကွန်မြူနစ်ပါတီ ( PCC ) ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး Rodriguez က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။ “ အဲဒီအလည်အပတ်ခရီးစဉ်က ကျနော်တို့ရဲ့လူနေမှုဘဝ ၊ ကျနော်တို့ရဲ့သမိုင်းကြောင်း ၊ ကျနော်တို့ရဲ့ယဉ်ကျေးမှု နဲ့ ကျနော်တို့ရဲ့ဝိသေသ လက္ခဏာတွေကို တိုက်ခိုက်ဖို့လာခဲ့တဲ့ ခရီးစဉ်တစ်ခုပါပဲ” ဟု ရုပ်မြင်သံကြား မိန့်ခွန်းတွင် Rodriguez ကထည့်သွင်း ပြောကြားခဲ့သည်။

ကျူးဘား ထိပ်တန်း သံတမန်တစ်ဦး အဆိုအရ သမ္မတအိုဘားမား၏ ခရီးစဉ်သည် ကျူးဘားနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍတွင် ထိုးဖောက်ဝင်ရောက်ရန် နှင့် ကျူးဘားနိုင်ငံရေးတွင် အတိုက်အခံအင်အားစုတစ်ရပ် ဖော်ဆောင်ရန် အတွက်သာဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သမ္မတ အိုဘားမား၏ ၂ဝ၁၆ ခုနှစ် မတ် ၂ဝ ရက် မှ ၂၂ ရက်ထိ ကျူးဘားနိုင်ငံ အလည်အပတ်ခရီးစဉ်သည် ၈၈ နှစ်တာ ကာလအတွင်း အမေရိကန်သမ္မတ တစ်ဦး၏ ကာရေဗီယန်ပင်လယ်တွင်းနိုင်ငံသို့ပထမဆုံးလာရောက်လည်ပတ်သော ခရီးစဉ် ဖြစ်ခဲ့သည်။ အမေရိကန် နှင့် ကျူးဘား သည် ၂ဝ၁၅ ခုနှစ် ဂျူလိုင်လ မှ စတင်ကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေမှုကို အသီးသီးရုပ်သိမ်းခဲ့ကြသည်။

အိုဘားမား၏ ကျူးဘားနိုင်ငံ ခရီးစဉ်အတွင်း ကွန်မြူနစ်အစိုးရအပေါ် မှတ်ချက်ပြု ဝေဖန်ခဲ့ခြင်း နှင့်ပတ်သက်၍ ကျူးဘားသတင်းစာ ၏ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံခဲ့ရသည်။ ကျူးဘားကွန်မြူနစ်ပါတီ ( PCC ) ညီလာခံ ဖွင့်ပွဲတွင် သမ္မတ ရောလ်ကက်စရို က ဝါရှင်တန်အစိုးရအနေဖြင့် ကျူးဘားဆိုရှယ်လစ်ဝါဒီများ အင်အား ချိနဲ့သွားစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.