Connect with us

North America

မက္ကဆီကို နိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ဝ၁ ဦး ရှိကြောင်း အတည်ပြု

မက္ကဆီကို နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေပုံကို ဖော်ပြထားသည့် သရုပ်ပြပုံ ( ဓာတ်ပုံ - အင်တာနက် )

မက္ကဆီကိုစီးတီး ၊ ဧပြီ ၅ ရက် ( ဆင်ဟွာ )

မက္ကဆီကို နိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၂ဝ၁ ဦး ရှိကြောင်း ၊ ၎င်းတို့အနက်မှ ထက်ဝက်ကျော်သည် နိုင်ငံတောင်ပိုင်း Chiapas ပြည်နယ် မှ ဖြစ်ကြောင်း မက္ကဆီကို ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်း မက္ကဆီကို နိုင်ငံထဲတွင် ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိသူ စုစုပေါင်း ၁၈ ဦးထိ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မက္ကဆီကို နိုင်ငံ ကူးစက် ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန မှ ပြောကြားရာတွင် နိုင်ငံတွင်း ရောဂါ ကူးစက်ခံထားရသူ ၂ဝ၁ ဦး ရှိပြီး ၎င်းတို့အနက် ၄၈ ဦးမှာ ကိုယ်ဝန်ဆောင် မိခင်များဖြစ်သည်ဟု ဆိုသည်။ ထိုသူများသည် Chaipas ၊ Oaxaca နှင့် ကမ်းရိုးတမ်းဒေသ Veracruz ပြည်နယ် တို့မှ ဖြစ်ကြောင်း သိရသည်။

ရောဂါပိုး ကူးစက် ခံထားရသူများထဲတွင် ၉ဝ ရာခိုင်နှုန်းခန့်သည် နိုင်ငံတောင်ပိုင်းမှ ဖြစ်ကြောင်း ၎င်းတို့အနက်မှ ၁ဝ၂ ဦးသည် Chiapas ပြည်နယ်မှ ဖြစ်ပြီး အခြား ၇၉ ဦးမှာ Oaxaca ပြည်နယ်မှ ဖြစ်သည်ဟု ဆိုသည်။ ကျန်ရှိနေသော ရောဂါ ကူးစက် ခံထားရသူများမှာ နိုင်ငံတွင်းရှိ အခြားပြည်နယ် ၉ ခုမှ ဖြစ်သည်ဟု သိရသည်။

မက္ကဆီကို နိုင်ငံသည် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေခြင်းကို ထိန်းချုပ်နိုင်ရန် အဆင့်ဆင့် လုပ်ဆောင်နေပြီး အထူးသဖြင့် ဇီကာဗိုင်းရပ်စ် ဖြစ်ပွားစေသည့် Aedes egypti ခြင်နှိမ်နင်းရေးကို အဓိကထား လုပ်ဆောင်နေသည် တာဝန်ရှိသူများက ဆိုသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် ( WHO ) သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဇီကာဗိုင်းရပ်စ် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ၎င်းရောဂါပိုးသည် ဦးနှောက်မှတဆင့် သန္ဓေသားလောင်း အထိ ကူးစက် နိုင်ဖွယ်ရှိသည်ဟု WHO တာဝန်ရှိသူများက သံသယ ရှိနေကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.