North America
အိုဘားမား ဂျပန်သို့ မေလကုန်ပိုင်း သွားမည်
ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် ဟီရိုရှီးမားမြို့သို့ ယခုလကုန်ပိုင်း၌ သွားရောက်မည် ဖြစ်ပြီး အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၀ ရက်က ပြောကြားလိုက်သည်။
သမိုင်းဝင် ဟီရိုရှီးမား ခရီးစဉ်ဟု ခေါ်တွင်သည့် အိုဘားမား၏ ခရီးစဉ်၌ နျူကလီယား လက်နက်များ မရှိသည့် လုံခြုံ ငြိမ်းချမ်းသည့် ကမ္ဘာကြီးအား ကတိပြုထားသည့် အတိုင်း ဆက်လက် ပုံဖော်ရန်ဟူသော အကြောင်းအရာအား အလေးထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အိုဘားမား၏ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး ဘန်ရော့ဒ် (Ben Rhodes) က ထုတ်ပြန်သည့် အခြားကြေညာချက် တစ်ရပ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သို့ မေလ ၂၇ ရက်၌ သွားရောက်မည်ဟု ဖော်ပြထား သည်။
ယခု ခရီးစဉ်အတွင်း အိုဘားမား၏ အာရှနိုင်ငံများသို့ ၁၀ ကြိမ်မြောက် ခရီးစဉ်အဖြစ် မေလ ၂၁ ရက်မှ ၂၈ ရက်အထိ သွားရောက်မည် ဖြစ်ပြီး ဂျပန်နိုင်ငံ Ise-Shima တွင် ပြုလုပ်မည့် G7 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ သို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)