Connect with us

North America

အစိုးရအဖွဲ့တွင် ခင်ပွန်းဖြစ်သူကို ခန့်အပ်သွားမည် မဟုတ်ဟု ဟီလာရီ ကလင်တန် ပြော

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် မဲဆွယ်စည်းရုံးနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မိမိဦးဆောင်သော အစိုးရအဖွဲ့တွင် ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ (ဟောင်း) ဘီကလင်တန်ကို ရာထူးတစ်နေရာ ခန့်အပ် တာဝန်ပေးသွားမည် မဟုတ်ကြောင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က မေလ ၁၆ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ကန်တက်စကီ ( Kentucky ) ပြည်နယ် ပတ်ကျူကဒ် (Paducah) တွင် ပြုလုပ်သော မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြည်သူများက သမ္မတ (ဟောင်း) နှင့် ပတ်သက်ပြီး မေးမြန်းချက် အပေါ် ဟီလာရီ ကလင်တန်က ခေါင်းခါယမ်းပြီး လုံးဝခန့်အပ်မည်မဟုတ် ဟူ၍ ပြန်လည် ဖြေကြားခဲ့ကြောင်း ABC သတင်းအရ သိရသည်။
မေလ ၁၅ ရက်က ကန်တက်စကီ ပြည်နယ် ကိုဗင်တန် ( Covington ) ၌ ပြုလုပ်သော မဲဆွယ်ပွဲတွင် ဟီလာရီ ကလင်တန်သည် ၎င်း၏ အစိုးရအဖွဲ့တွင် ခင်ပွန်းဖြစ်သူ ဘီကလင်တန်ကို “ စီးပွားရေး သွေးသစ်လောင်းရေး အစီအစဉ် တာဝန်ခံ” အဖြစ်ခန့်အပ်သွားမည်ဟု ပြောဆိုခဲ့ရာ နောက်တစ်ရက်တွင် ကန့်ကွက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
“ ဘယ်လိုလုပ်ရမလဲဆိုတာ သူသိတယ်လေ။ အထူးသဖြင့် ကျောက်မီးသွေး စက်မှုလုပ်ငန်း ၊ မြို့ပြ တည်ဆောက်ရေး နှင့် အခြား နိုင်ငံမှာ နောက်ကျ ကျန်နေတဲ့ အစိတ်အပိုင်းတွေကို ဘယ်လို လုပ်ကိုင်ရမလဲ ဆိုတာ သူသိပါတယ်” ဟု ဟီလာရီ ကလင်တန်က ဆိုသည်။
မေလ အစောပိုင်းက ပြုလုပ်ခဲ့သော အခြား မဲဆွယ်ပွဲတွင် ဟီလာရီ ကလင်တန်က ၎င်း၏ ခင်ပွန်းအား အငြိမ်းစား ဘဝက လွတ်မြောက်စေရန် အတွက် အလုပ်တစ်ခု ဖန်တီးပေးသွားမည်ဟု ပြောဆို ခဲ့ဖူးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.