Connect with us

North America

အီရန်ကိုထိန်းချုပ်ရန် အမေရိကန်ရေတပ်အုပ်စု တပ်စွဲထားမည်ဖြစ်ကြောင်း ဘိုလ်တန်ပြော

အမေရိကန်လေယာဉ်တင်သင်္ဘောUSS အေဗရာဟန်လင်ကွန်း အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က အရှေ့အလယ်ပိုင်းဒေသ၌ အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရန် ဗုံးကြဲလေယာဉ်အုပ်စု တင်ဆောင်ထားသော လေယာဉ်တင်သင်္ဘော တစ်စင်းပါဝင်သည့် သင်္ဘောအုပ်စုကို တပ်စွဲထားမည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ ရှုပ်ထွေးလာသော ၊ အရေးကြီးလာသော ၊ သတိပေးလာသော အခြေအနေတစ်ရပ်ကို တုံ့ပြန်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ အလယ်ပိုင်းစစ်ဒေသအတွင်း ဗုံးကြဲလေယာဉ်အုပ်စု နဲ့လေယာဉ်တင်သင်္ဘော USS အေဗရာဟန်လင်ကွန်း ပါဝင်သော သင်္ဘောအုပ်စုကို တပ်စွဲထားမှာပါ ” ဟ ဂျွန်ဘိုလ်တန်၏ကြေညာချက်ကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထိုသို့တပ်စွဲထားရခြင်း၏ ရည်ရွယ်ချက်များမှာ “ အီရန်အုပ်ချုပ်သူတွေကို ရှင်းလင်းပြီး အမှားအယွင်းလုပ်လို့မရတဲ့ သတင်းစကားပါးလိုက်တာပါ။ အမေရိကန်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် သူ့မဟာမိတ်တွေအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးကို မဆို အင်မတန်ကြီးမားတဲ့ စစ်ရေးနဲ့ကြုံတွေ့ရလိမ့်မယ်” ဟု ဘိုလ်တန်က ဆိုသည်။

“ အမေရိကန်ဟာ အီရန်အစိုးရနဲ့စစ်ဖြစ်ဖို့မလိုလားဘူး။ ဒါပေမယ့် ဘယ်တိုက်ခိုက်လာမှုမျိုးကိုမဆို လက်တုံ့ပြန်ဖို့အပြည့်အဝ ပြင်ဆင်ထားတယ်။ အဲဒီမှာ ဘယ်လိုမျိုးလဲဆိုတော့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်တွေ ဒါမှမဟုတ် ပုံမှန်တာဝန်ထမ်းဆောင်နေတဲ့ အီရန်တပ်ဖွဲ့တွေအပါအဝင်ပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော နှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ပြီးနောက်တွင် ထရမ့်အစိုးရအနေဖြင့် အီရန်နိုင်ငံအား ဖိအားပေးရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ နှင့် လူတစ်ဦးချင်းစီအလိုက် အရေးယူမှုများကို အစဉ်လိုက် တောက်လျှောက်လုပ်ဆောင်ခဲ့ပြီး ယင်းလုပ်ဆောင်မှုများကို အီရန်က ပြင်းထန်စွာကန့်ကွက်ခဲ့သလို ဝေဖန်မှုများလည်း ပြုလုပ်ခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလတွင် အမေရိကန်က အီရန်နိုင်ငံ၏ ဘဏ်လုပ်ငန်း ၊ စွမ်းအင် နှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီး အီရန်မှ အဓိကရေနံဝယ်ယူမှုပြုလုပ်နေသည့် နိုင်ငံ ၈ နိုင်ငံကိုလည်း အီရန်ထံမှ ဝယ်ယူမှုအား ရက်ပေါင်း ၁၈ဝ အတွင်း ရပ်ဆိုင်းရန် ဖြေလျှော့မှုတစ်ရပ်ဖြင့် ခွင့်ပြုခဲ့သည်။

ဧပြီ ၂၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုက မေ ၂ ရက်မှ စတင်ကာ အီရန်ထံမှ ရေနံတင်သွင်းသော နိုင်ငံအားလုံးအနေဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.