Connect with us

North America

လေယာဉ်ငယ်တစ်စီး မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျမှုဖြစ်ပွား ၊ လူ ၁၄ ဦး သေဆုံး

ပျက်ကျပျက်စီးနေသည့် လေယာဉ်အပိုင်းအစများအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ မေ ၇ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း Coahuilaပြည်နယ်တွင် ပျောက်ဆုံးနေသည့် လေယာဉ်၏အပိုင်းအစများ ကို ရှာတွေ့ခဲ့ရာ လေယာဉ်ပေါ်ရှိလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“Challenger 601” လေယာဉ်သည် မေ ၅ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ Las Vegas မြို့မှ မက္ကဆီကို နိုင်ငံ မြောက်ပိုင်း Monterrey မြို့သို့ ပျံသန်းရာ ပျံသန်းပြီး ၂ နာရီခန့်အကြာတွင် လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့်အဆက်သွယ်ပြတ်ခဲ့ကြောင်း မက္ကဆီကို ပြည်သူ့လုံခြုံရေးဌာန၏ ထိုမတိုင်မီက ရရှိသည့်သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ရာ Coahuila ပြည်နယ် Monclova မြို့အနီးတွင် လေယာဉ်အပိုင်းအစများကို ရှာတွေ့ခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ မက္ကဆီကိုနိုင်ငံသားများဖြစ်ပြီး ခရီးသည် ၁၁ ဦး ၊ လေယာဉ်ဝန်ထမ်း ၃ ဦး ပါဝင်ေကြောင်း သိရသည်။ ခရီးသည်များက Las Vegasမြို့တွင် လက်ဝှေ့ပွဲသွားကြည့်ပြီး မက္ကဆီကိုသို့အပြန်တွင် ယခုကဲ့သို့ အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အချင်းဖြစ်ပွားသည့်အသေးစိတ်အကြောင်းရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အချင်းဖြစ်ပွားချိန်တွင် ရာသီဥတုအခြေအနေကောင်းမွန်မှုမရှိဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.