North America
၂၀၁၈အကုန်တွင် အမေရိကန်ပြည်ထဲရေးဝန်ကြီး နုတ်ထွက်မည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထဲရေးဝန်ကြီး Ryan Zinke သည် ၂၀၁၈ခုနှစ်အကုန်တွင် နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
သမ္မတ က ပြည်ထဲရေးဝန်ကြီး Ryan Zinke သည် ၂နှစ်နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၈ခုနှစ်အကုန်တွင် အုပ်ချုပ်ရေးပိုင်းမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။ထို့နောက် ထရမ့်က လာမည့်အပတ်တွင် ပြည်ထဲရေးဝန်ကြီးအသစ်အား ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာသွားမည်ဟု တွစ်တာ၌ ထပ်မံရေးသားခဲ့သည်။
Zinke နုတ်ထွက်သွားခြင်း နှင့် ပတ်သက်၍ ထရမ့်က အကြောင်းပြချက် တစ်စုံတစ်ရာပေးခြင်းမရှိသော်လည်း ၎င်းသည် တရားမဝင်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် ကိုယ်ကျိုးစီးပွားအတွက်လုပ်ဆောင်မှုများ အပါအဝင် များစွာသော စုံစမ်းစစ်ဆေးမှုများ နှင့် ကြုံတွေ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။အမေရိကန် သတင်းဌာနများ ၏ဖော်ပြချက်အရ Zinke အနေဖြင့် ပြည်ထဲရေးဝန်ကြီးအာဏာကို အသုံးပြု၍ ၎င်း၏ မွေးရပ်မြေဖြစ်သော Montana ပြည်နယ် Whitefish မြို့ တွင် မြေယာဆိုင်ရာကိစ္စရပ်များ၌ အကျိုးအမြတ်ရယူခဲ့သည့်ဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)