Connect with us

North America

တင်းမာမှုများရှိနေသော်လည်း မြောက်ကိုရီးယား ဆိုင်ရာ အမေရိကန်ပြည်ထောင်စု အထူးသံတမန် တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်မည်

အထူးသံတမန်ဖြစ်သူ Stephen Biegun အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ၏ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ဆိုင်ရာ အထူးသံတမန်သည် တောင်ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာလ ယခု ရက်သတ္တပတ်နောက်ပိုင်းတွင် သွားရောက် လည်ပတ်ဖို့ရှိကြောင်း အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန်ပြည်ထောင်စု ၏ အထူးသံတမန်ဖြစ်သူ စတီဖင်ဘီဂန်(Stephen Biegun )သည် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့သို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ခရီးစဉ်တွင် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာ၊ တောင်ကိုရီးယား ၏ အထူးကိုယ်စားလှယ် ဖြစ်သူ လီဒိုဟွန်း (Lee- Do-Honn) နှင့် တွေ့ဆုံ၍ ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုံ ဖြစ်ရေး နှင့်ပတ်သက်၍ အနာဂတ် တွင် နှစ်ဖက်ခိုင်မာစွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။

၎င်း၏ ခရီးစဉ် ကာလအတွင်း ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများအပါအဝင် ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုံ ဖြစ်မြောက်အောင်မြင်စေရန် လုပ်ငန်းအဖွဲ့ဆွေးနွေးပွဲတွင် စတီဖင်ဘီဂန် နှင့် လီဒိုဟွန်း တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်တွင် ၎င်း၏အဆင့်မြင့်အရာရှိကြီးများကို အမေရိကန်က ပိတ်ဆို့မှုပြုခဲ့ခြင်းအား မြောက်ကိုရီးယားက ဝေဖန်တိုက်ခိုက်မှုပြုနေသည့် အချိန်မျိုး၌ ပင် စတီဖင်ဘီဂန် သည်တောင်ကိုရီးယားသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယခင်နှစ်က အမေရိကန် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား အပြန်အလှန်တိုက်ခိုက်မှုများပြုနေသည့် ဆက်ဆံရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်ဦးတည်နေသည်ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.