North America
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်နှင့် စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၂ ရက်၌ တွေ့မည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်ပြော
ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံမည် ဖြစ်ကြောင်း မေလ ၁၀ ရက်က ၎င်း၏ တွစ်တာအကောင့်မှတစ်ဆင့် ပြောကြားခဲ့သည်။
“ကင်ဂျုံအန်းနဲ့ ကျွန်တော်ရဲ့ ဇွန်လ ၁၂ ရက် စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အစည်းအဝေးကို အမြင့်ဆုံး မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အထူးအခါသမယဖြစ်ဖို့ နှစ်ဘက်လုံးက ကြိုးစားသွားမှာပါ” ဟု ထရမ့်က တွစ်တာတွင် ရေးသားထားသည်။
ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားများအား မြောက်ကိုရီးယားနိုင်ငံက လွှတ်ပေးလိုက်ပြီးနောက် ယင်းသို့ မှတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲဇုန် နေရာများက ၎င်းနှင့် ကင်တို့ တွေ့ဆုံမည့် နေရာများဖြစ်နိုင်ကြောင်း ထရမ့်က ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဤနေရာတွင် စင်ကာပူနိုင်ငံ၏ ကြားနေနိုင်ငံအဖြစ် တည်ရှိမှုကြောင့် အစည်းအဝေးကျင်းပရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ လေ့လာဆန်းစစ်သူများက ပြောခဲ့သည်။ (Xinhua)