Connect with us

North America

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ၏လုံခြုံရေးအတွက် အာမခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားဖျက်သိမ်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံက အာမခံကြောင်း မေလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

Fox News သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပွန်ပီယိုက “ လုံခြုံရေးအာမခံချက်ရဖို့သေချာအောင် လုပ်ဆောင်မှာပါ” ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ လုံခြုံရေးနှင့်ပတ်သက်၍ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ တို့အနေဖြင့် နျူကလီးယားဖျက်သိမ်းရေးလုပ်ဆောင်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အတွက် မြောက်ကိုရီးယားနိုင်ငံအား ကူညီသွားရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။

“ အခု လုပ်ရမှာက သမ္မတထရမ့် နဲ့တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ဆက်သွားဖို့ပါပဲ။ အဲဒီရလဒ်ကတဆင့် လုပ်သွားရမယ့်ဟာတွေ ရှိပါတယ်” ဟု ပွန်က ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုနေရာ ဖျက်သိမ်းရေးထုတ်ပြန်ချက်အပေါ် ပွန်က “ သတင်းကောင်းပါပဲ။ သွားမယ့်ခရီးလမ်းအတွက် ခြေတစ်လှမ်းပေါ့” ဟု ဆိုသည်။

“သမ္မတဒေါ်နယ်ထရမ့်တက်ရောက်မယ့် ဇွန်လ ၁၂ ရက် စင်ကာပူမှာ လုပ်မယ့် ဆွေးနွေးပွဲအတွက် လုပ်စရာရှိတာတွေကို လာမယ့် ရက်သတ္တပတ်တွေ မှာ ဆက်လုပ်သွားဖို့ရှိပါတယ်။ ဥက္ကဋ္ဌကြီး ကင်ကလည်း အဲဒါကို သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့်တွေ့ဆုံခဲ့ခြင်းအပေါ် မေးမြန်းရာတွင် မိုက်ပွန်ပီယိုက “ မြောက်ကိုရီးယားပြည်သူတွေအတွက် အောင်မြင်မှုရအောင် ဘယ်လိုကြိုးစားရမလဲ ဆိုတာ သူသိပါတယ်။ ဆွေးနွေးတဲ့အချိန်ကြရင် ဘာတွေ လိုအပ်မလဲ ဆိုတာလဲ သူကောင်းကောင်း နားလည်ပါတယ်” ဟု ဖြေကြားခဲ့သည်။(Xinhua)