Connect with us

North America

အီရန်နျူကလီးယားသဘောတူညီချက်က အမေရိကန်နိုင်ငံ နုတ်ထွက်ကြောင်း သမ္မတထရမ့်ကြေညာ

အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်က အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မှာ တစ်ကမ္ဘာလုံးကပင် တားဆီးလက်မခံမှုများ နှင့် ရှုတ်ချမှုများကို ချက်ချင်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အီရန်နိုင်ငံ အပေါ် ပိတ်ဆို့မှုများ ဖြေလျော့ပေး၍ အပြန်အလှန်အားဖြင့် အီရန်၏နျူကလီးယား အစီအစဉ်ရပ်တန့်စေမည့် ၎င်းသဘောတူညီချက်မှ အမေရိကန်နိုင်ငံနုတ်ထွက်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသ၌ လက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးပြီးနောက် သမ္မတထရမ့်က ပြသစဉ်(ဆင်ဟွာ)

အိမ်ဖြူတော်၌ပြုလုပ်သော ရုပ်သံမိန့်ခွန်းပြောကြားခြင်း အစီအစဉ်တစ်ခုတွင် သမ္မတထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံအပေါ် နျူကလီးယားနှင့်ဆက်စပ်သော ဒဏ်ခတ်ပိတ်ဆို့မှု စာချုပ်ကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ သို့သော် အီရန်နိုင်ငံအပေါ် ရုပ်သိမ်းထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည် လုပ်ဆောင်မည်ဖြစ်ကြောင်း နှင့် ၎င်းနှင့် စီးပွားရေးအရ ဆက်စပ်မှုရှိသော နိုင်ငံများကိုလည်း ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ နှင့်သဘောတူညီချက် (သို့မဟုတ်) ပူးတွဲအရေးယူလုပ်ဆောင်ရေးအစီအစဉ်(JCPOA)အကြောင်းကို ထရမ့်က လက်မခံနိုင်ကြောင်းပြောကြားခဲ့ပြီး ယင်းမှာ အီရန်နိုင်ငံ၏နျူကလီးယားလက်နက်ထုတ်လုပ်ရေးကို တားဆီးရန် ( သို့မဟုတ် ) အရှေ့အလယ်ပိုင်းဒေသ၌ အကြမ်းဖက်ဝါဒကို ထောက်ခံခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း ဆိုသည်။

JOPOA သည် “ အီရန်နိုင်ငံကို ယူရေနီယံသန့်စင်ရေးကို ဆက်လုပ်ဖို့ခွင့်ပြုခဲ့တယ်။ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားတာကို ရုပ်သိမ်းလိုက်ခြင်းဟာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်ဖို့သိပ်ကို အားနည်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

“ အဲဒီသဘောတူညီချက်ကို လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ ဒီသဘောတူညီချက်ကို ကျွန်တော်လက်ခံလိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယားစစ်လက်နက်ပြိုင်ဆိုင်ပွဲတွေ သိပ်မကြာခင်ဖြစ်သွားလိမ့်မယ်။ အီရန်က ပိုင်ဆိုင်လိုက်ပြီးချိန်မှာ အားလုံးကလည်း လက်နက်တွေကို ပိုင်ဆိုင်ဖို့အသင့်ဖြစ်နေလိ့မ်မယ်” ဟု ထရမ့်ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုကို အမြင့်ဆုံးအဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ အီရန်နိုင်ငံအား နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ထောက်ပံ့ကူညီပေးသည့် မည်သည့်နိုင်ငံမဆို အမေရိကန်နိုင်ငံ၏ ပြင်းထန်သောပိတ်ဆို့မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.