North America
အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့အိတ်ချ်ဒဗလျူဘုရှ် အသက် ၉၄ နှစ် ရှိပါပြီ

ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်သည် မိန်းပြည်နယ်(Maine)ရှိ နေအိမ်တွင် ၎င်း၏ ၉၄ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းသည် အမေရိကန်နိုင်ငံသမ္မတများထဲတွင် အသက် ၉၄ နှစ်အရွယ်ထိ ရောက်ရှိခဲ့သော ပထမဆုံး သမ္မတဟောင်းတစ်ဦး ဖြစ်လာသည်။ ဘုရှ်သည် သွေးပေါင်ကျခြင်း နှင့် မူးဝေခြင်း ဝေဒနာကို ဒေသတွင်းဆေးရုံတစ်ခု၌ ကုသမှု ခံယူပြီးနောက် နေအိမ်သို့ပြန်လာပြီး တစ်ပတ်အကြာ ဇွန်လ ၁၂ ရက်တွင် Kennebunkport ရှိနေအိမ်၌ မွေးနေ့ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတဟောင်းသည် တိတ်တိတ်ဆိတ်ဆိတ် နှင့် လက်ဆောင်ပစ္စည်းများမပါဘဲ မွေးနေ့ပွဲကို ကျင်းပခဲ့ကြောင်း သတင်းများအရ သိရသည်။
၎င်း၏ သားဖြစ်သူ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် အပါအဝင် သားသမီးများစွာသည် မြို့တွင် ရှိနေကြောင်း သိရသည်။
၁၉၈၉ ခုနှစ် မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်နိုင်ငံသမ္မတအဖြစ် တာဝန်ယူခဲ့သော စီနီယာဘုရှ်သည် Kennebunkport နေအိမ်ခြံဝင်း၌ ၎င်း၏ မိသားစုနှင့်အတူ နွေရာသီကို ဖြတ်သန်းနေသည်။၎င်း၏ ဇနီး Barbara သည် လွန်ခဲ့သော ဧပြီလက ကွယ်လွန်ခဲ့ကြောင်း သိရသည်။(Xinhua)