North America
အမေရိကန် နိုင်ငံ Alaska ပြည်နယ် Tanaga မီးတောင် အနီးတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်

ဆန်ဖရန်စစ္စကို ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ Alaska ပြည်နယ် Tanaga မီးတောင် အနီးတွင် သြဂုတ်လ ၂၂ ရက် ညပိုင်း အချိန်တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး သြဂုတ်လ ၂၃ ရက် ညပိုင်း အချိန်ထိ သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။
အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး ဌာန ၏ သတင်း ထုတ်ပြန်ချက်အရ ငလျင်သည် ဂရင်းနစ် စံတော်ချိန် ၂၃ ရက် နံနက် ၃ နာရီ ၃၅ မိနစ်(အမေရိကန် စံတော်ချိန် ၂၂ ရက် ၁၉ နာရီ ၃၅ မိနစ်) တွင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် သည် Tanaga မီးတောင် အနီးတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း ၊ မြောက်လတ္တီတွဒ် ၅၁.၅၁ ဒီဂရီ နှင့် အနောက်လောင်ဂျီတွဒ် ၁၇၇.၈၈ ဒီဂရီ တွင် မြေအောက်အနက် ၄၃.၉ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ပစိဖိတ်သမုဒ္ဒရာ ဆိုနာမီ သတိပေး စင်တာ အနေဖြင့် အမေရိကန် နိုင်ငံ တွင် လှုပ်ခတ် ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)