Connect with us

North America

အမေရိကန်ဆီးနိုတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်

နာမည်ကျော် အမေရိကန်ဆီးနိုတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆီးနိုတ်လွှတ်တော်အမတ် နှင့် သမ္မတလောင်း နှစ်ကြိမ် ဖြစ်ခဲ့ဖူးသူ ဂျွန်မက်ကိန်း(John McCain) သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ၎င်း၏နေအိမ်၌ သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ လွှတ်တော်အမတ်ရုံး ထုတ်ပြန်ချက် တစ်စောင် အရ သိရသည်။

မက်ကိန်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ် ရှိပြီဖြစ်သည်။ “ ဆီးနိုတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဟာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၈ မိနစ်မှာ ကွယ်လွန်သွားရှာပါပြီ။ ၎င်းကွယ်လွန်ချိန်မှာတော့ ဇနီး Cindy နဲ့ မိသားစုဝင်တွေ ရှိကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဂျွန်မက်ကိန်းသည် ၂ဝ၁၇ ခုနှစ်ကတည်းက ဦးနှောက်ကင်ဆာရောဂါ (malignant brain tumor) ခံစားခဲ့ရပြီး ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.