North America
အမေရိကန်-တရုတ် ရင်းနှီးမြှုပ်နှံသူဖိုရမ်ကို ဘက်ဖက် (Buffett) ၏ မွေးရပ်ဇာတိတွင် ပြုလုပ်မည်

နယူးယောက်၊ မေ ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရှာဖွေရန် ဘီလျံနာသူဌေးကြီး ဝါရန်ဘက်ဖက် (Warren Buffett) ၏ မွေးရပ်ဇာတိဖြစ်သော နီဗရက်စကပြည်နယ် အိုမာဟာမြို့တွင် မေလ ၄ ရက်၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် အမေရိကန်နိုင်ငံ အာရှ ယဉ်ကျေးမှုဆိုင်ရာ စင်တာတို့က ပထမဆုံးအကြိမ် “အမေရိကန်-တရုတ် ရင်းနှီးမြှုပ်နှံသူများဖိုရမ်” ကို Missouri မြစ်ပေါ်ရှိ အိုမာဟာမြို့၌ Berkshire Hathaway နှစ်ပတ်လည် ရှယ်ယာရှင်များ အစည်းအဝေးအတွင်း ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ဖိုရမ်၌ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား တည်ငြိမ် ခိုင်မာသော နှစ်နိုင်ငံ ဆက်ဆံရေး တစ်ခု မည်သို့ရှေ့ဆက်နိုင်ကြောင်း၊ တရုတ်နိုင်ငံအပေါ် ဝါရန်ဘက်ဖက်က မည်သို့ရှုမြင်ကြောင်းနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းများစသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဦးတည်ကာ ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းဖိုရမ်တွင် ဝါရန်ဘက်ဖက်၊ တရုတ်နိုင်ငံ EV Revolution ၊ အမေရိကန်-တရုတ် မိတ်ဖက်အသစ်များ၊ Hot Properties ၊ Transforming Global Banking နှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးခြင်း၊ တွေ့ဆုံမေးမြင်းခြင်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)