Connect with us

North America

FBI က သမ္မတဒေါ်နယ်ထရမ့်၏ ကာလရှည်လက်တွဲခဲ့သော ရှေ့နေရုံးခန်းကို ဝင်ရောက်စီးနင်း

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့ နေ Michael Cohen အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဧပြီလ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ Michael Cohen ၏ ရုံးခန်းအား ဝင်ရောက်စီးနင်းပြီး လူကြီးကြိုက် အပြာကားရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေကြေးပေးခဲ့သော ဖြတ်ပိုင်းစာရွက်အပါအဝင် အခြားဆက်စပ်သော စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။

မင်ဟက်တန်ရှိ ပြည်ထောင်စု အစိုးရရှေ့နေများက အထူးရှေ့နေရောဘတ်မူလာ(Robert Mueller) ထံမှ ရှာဖွေရေး ခွင့်ပြုမိန့်လွှဲစာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက်တွင် စီးနင်းမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာကရေးသားခဲ့သော်လည်း စီးနင်းမှုမှာ မူလာ၏ စုံစမ်းစစ်ဆေးရေး နှင့်တိုက်ရိုက်ဆက်စပ်မှု မရှိကြောင်း ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများထဲတွင် အီးမေးလ် ၊ အခွန်ပြေစာ ၊ စီးပွားရေးမှတ်တမ်းများ နှင့် ထရမ့် နှင့် Cohen အကြား အပြန်အလှန်ဆက်သွယ်ချက်များ ပါဝင်သည်။

Cohen ၏ ရှေ့နေဖြစ်သူ Stephen Ryan က The Times သတင်းစာသို့ပြောကြားရာတွင် ရှာဖွေမှုမှာ “ လုံးဝ မသင့်လျော်ကြောင်း နှင့် မလိုအပ်ကြောင်း” ဆိုထားသည်။

ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရိုမှ သိမ်းဆည်းရမိသော စာရွက်စာတမ်းများတွင် ၂ဝဝ၆ ခုနှစ်က ဒေါ်နယ်ထရမ့် နှင့် လိင်ဆက်ဆံခဲ့ကြောင်း စွပ်စွဲခံထားရသည့် အပြာရုပ်ရှင်သရုပ်ဆောင်မင်းသမီး Stormy Daniels ထံ အမေရိကန်ဒေါ်လာ ၁၃ဝဝဝဝ လွှဲပြောင်းပေးခဲ့သည့် ငွေလွှဲပြေစာလည်း ပါဝင်သည်။

အဆိုပါ ငွေလွှဲပြေစာကို ထရမ့် နှင့် လိင်ဆက်ဆံခဲ့သည့် ကိစ္စကို နှုတ်ဆိတ်နေပေးရန်အတွက် တရားဝင်အမည် Stephanie Clifford ဟုခေါ်ဆိုသော Daniels ထံ ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုက ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ဘဏ္ဍာရေးစည်းမျဉ်းဥပဒေကို ချိုးဖောက်ခဲ့ခြင်း မရှိကြောင်း Cohenက ငြင်းဆိုထားသည်။

ပြီးခဲ့သော ရက်သတ္တပတ်က ငွေလွှဲပြေစာကိစ္စရပ်အပေါ် ဒေါ်နယ်ထရမ့်က ငြင်းဆိုခဲ့သည်။ ယင်းမှာ ၎င်းကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။ သမ္မတအိမ်ဖြူတော်က Stormy Daniels နှင့်ပတ်သက်မှု ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ထရမ့်က ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ ကိုယ်ရေးရှေ့နေအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော Cohen သည် ၂ဝ၁၆ ခုနှစ်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများရှိခဲ့သည့် စွပ်စွဲချက် နှင့် ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်မှု နှင့် ရုရှားအစိုးရအကြား ချိတ်ဆက်မှုဖြစ်နိုင်ခြေရှိသည်ဆိုသည့် စွပ်စွဲချက်များတွင် အထူးကောင်စီ၏ စုံစမ်းခံရသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.